Monday, January 27, 2014

အင်္ဂါဂြိုဟ်မှ ရောင်ခြည်များ ကမ္ဘာပေါ်ကို ရောက်နိုင်သလား

Posted by drmyochit Monday, January 27, 2014, under | No comments



ယခုတလော Facebook စာမျက်နှာပေါ်မှာ....

"12:30 ကနေ 3:30 ထိcosmo rays (cosmo ရောင်ခြည်) ဟာ မာစ်ဂြိုဟ် ကနေကမ္ဘာပေါ်ကို ထိုးဖောက်ကျရောက်မှာဖြစ်တဲ့အတွက် မိမိရဲ့ဖုန်းများကို ပိတ်ပြီး မိမိနှင့်ဝေးရာကိုထားပါ။ ဘာကြောင့်လည်းဆိုတော့ ဒီရောင်ခြည်ဟာ အန္တရာယ်များတဲ့အတွက်ကြောင့် အားလုံးသောမိတ်ဆွေများ ဘေးကင်းပါရန်။ Nasa ကနေ BBC သတင်းဌာနကို ပြောကြားထားပါတယ်။"

....ဆိုတဲ့ သတင်းတစ်ပုဒ် ပျံ့နှံ့လာတဲ့အတွက် ဟုတ်၊ မဟုတ် ကိုသိ ချင်ကြသော သူများ၊ အာကာသနှင့် စကြ၀ဠာ Page သို့ မေးမြန်းကြသော သူငယ်ချင်း၊မိတ်ဆွေများအတွက် ဖြေရှင်းချက်လေးတစ်ခု ပေးချင်ပါတယ်။

တကယ်တော့ ဒီသတင်းဟာ ၂၀၀၈ ခုနှစ်လောက်ကတည်းက ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတဲ့ ကောလဟာလ သတင်းတစ်ခုပါ။ ၂၀၁၂ ခုနှစ် ဧပြီလလောက်ကလဲ ပြန်ပေါ်လာပါသေးတယ်။ အခုလည်း Facebook စာမျက်နှာမှာ ပြန်လည်ပေါ်ပေါက်လာပြန်ပါပြီ။

ပထမဦးဆုံးအနေနဲ့ ဒီသတင်းဟာ သိပ္ပံ သတင်းဌာနများမှ တရားဝင်ထုတ် လွှတ်တဲ့ သတင်းမဟုတ်ပါဘူး။ NASA နဲ့ BBC သတင်းတွေမှာလည်း မ ထုတ်ပြန်ထားပါဘူး လို့ ဖြေရှင်းပေးချင်ပါတယ်။

နောက်တစ်ခုက အင်္ဂါဂြိုဟ် (ခ) မားစ်ဂြိုဟ် ဟာ ရောင်ခြည်တွေ မထုတ်နိုင် ပါဘူး။ အင်္ဂါဂြိုဟ်မှ မဟုတ်ပါဘူး.. ဘယ်ဂြိုဟ်ကမှ Cosmic Ray မထုတ် လွှတ်နိုင်ပါဘူး။ Cosmic Rays ဆိုတာက နေ (ကြယ်) က ထုတ်တာပါ။ ဂြိုဟ်များဟာ နေမှ လာတဲ့ရောင်ခြည်ကိုသာ ပြန်လွှတ်နိုင်ပါတယ်။

နောက်ပြီး ကမ္ဘာ့လေထုဟာလည်း ဒီရောင်ခြည်များကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ပါတယ်။ နေ မှလာတဲ့ Cosmic Rays တွေဟာ ကမ္ဘာပေါ်ကို အမြဲတစေ ကျရောက်နေတာပါ။ လေထုက ကာကွယ်ပေး ထားလို့ ကျနော်တို့တတွေ ယခုအချိန်အထိ ကောင်းမွန်စွာ အသက်ရှင်နေ ထိုင်နိုင်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ့တော့ အင်္ဂါဂြိုဟ်မှ ရောင်ခြည်များ ကမ္ဘာပေါ်ကို ကျရောက်နိုင်စရာ လုံးဝ မရှိပါ။ ကောလ ဟာလ များသာ ဖြစ်ပါတယ်။

Source: အာကာသ နှင့် စကြာဝဠာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်