Monday, January 27, 2014

နယူးယောက်မြို့တွင် ပါဝင်ပြသသွားမည့် ရှေးဟောင်းယဉ်ကျေးမှုလက်ရာပစ္စည်းများ

Posted by drmyochit Monday, January 27, 2014, under | No comments


အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်သွားမယ့် ရှေးဟောင်းယဉ်ကျေးမှုခေတ်ပြိုင်လက်ရာများပြပွဲမှာ မြန်မာနိုင်ငံရဲ့ပျူရှေးဟောင်း
အမွေအနှစ်လက်ရာပစ္စည်းများကို ပါဝင်ပြသသွားမှာဖြစ်တယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။အဆိုပါပြပွဲကိုတော့ ယခု(၂၀၁၄)ခုနှစ် လာမယ့်ဧပြီလ(၇)ရက်မှ ဇူလိုင်လ(၂၇)ရက်နေ့ထိ နယူးယောက်မြို့ Metropolitan Museum of Art (MMA) ပြတိုက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီပြပွဲမှာမြန်မာနိုင်ငံအနေနဲ့ သရေခေတ္တရာ ပျူမြို့ဟောင်းမှ ရှေးဟောင်းလက်ရာပစ္စည်းများဖြစ်တဲ့ ရှေးဟောင်းဘုရားရုပ်ပွားတော်၊ (၅)ရာစုမှ (၈)ရာစုအတွင်းရှိ ရှေးဟောင်းဒင်္ဂါးပြားများ၊ ရှေးဟောင်းကျောက်စာများကို ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီလိုပြသဖို့အတွက်ကိုလည်း ရန်ကုန်အမျိုးသားပြတိုက်နဲ့ သရေခေတ္တရာပြတိုက်များမှာ ပစ္စည်း(၂၄)မျိုးခန့်ကို ငှားရမ်းသွားမှာဖြစ်ပြီး ပစ္စည်းတစ်ခုစီအလိုက် တန်ဖိုးသတ်မှတ်ကာ အာမခံထားရှိပြီး ပြသသွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အခုလိုရှေးဟောင်းယဉ်ကျေးမှုခေတ်ပြိုင်လက်ရာများပြပွဲမှာ ၀င်ရောက်ပြသရတာဟာ မြန်မာ-အမေရိကန်နှစ်နိုင်ငံကြား ယဉ်ကျေးမှုဖလှယ်ခြင်းအနေနဲ့ ပါဝင်ပြသသတာဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုလက်ရာပစ္စည်းများကို နိုင်ငံတကာမှပိုမိုသိရှိလေ့လာနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ဒါ့အပြင်အဆိုပါပြပွဲအတွင်း ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ ပြင်သစ်နိုင်ငံများမှလည်း ရှေးဟောင်းယဉ်ကျေးမှုလက်ရာပစ္စည်းများကို ပါဝင်ပြသသွားကြမှာ ဖြစ်တယ်လို့သိရပါတယ်။

MRTV 4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်