Sunday, August 12, 2012

“ရခိုင်၌ ရဲစခန်း ၃ဝ ယခုနှစ် ထပ်မံဖွင့်မည်”

Posted by drmyochit Sunday, August 12, 2012, under | No comments


ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃ဝ ကို ယခုနှစ် အတွင်း ထပ်မံ ဖွင့်လှစ်သွားနိုင်ရန် ပြည်ထဲရေး ဝန်ကြီး ဌာနက စီမံဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။ရခိုင်ပြည်နယ်၌ လက်ရှိ ရဲစခန်း ၇၅ ခု ရှိသည်။ ထိုထဲမှ စခန်း ၈ ခုကိုလည်း အဆင့်မြှင့် တင်ခြင်း ဆောင်ရွက်သွားမည် ဟု ပြည်ထဲရေး ဝန်ကြီး ဌာန မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရ သည်။
ဦးစီး (၅) မှ တာဝန်ရှိသူ တစ်ဦးက ”ရခိုင်ပြည်နယ်ကို အခု စာပို့ ထားပြီးပါပြီ။ လုပ်ထုံး၊ လုပ်နည်း တွေအရ အဆင့်ဆင့် တင်ပြပြီး ရရှိတာနဲ့ တစ်ပြိုင်နက် အမိန့် ထုတ်ပြန်ပြီး ဖွင့်လှစ်သွား နိုင်မှာပါ” ဟု ပြောသည်။
ရဲစခန်း အသစ် ၃ဝ တိုး ချဲ့ရန်နှင့် စခန်းရှစ်ခု အဆင့်တိုးမြှင့်ရန် အသုံးစရိတ်များ ရေးဆွဲနေပြီး စီမံ/စီးပွား အစရှိသော သက်ဆိုင်ရာ ဝန်ကြီး ဌာနတို့၏ တွက် ချက် မှု၊ နိုင်ငံတော် သမ္မတရုံးတို့၏ ခွင့်ပြုမိန့် များဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဟု၎င်းကပြောသည်။
”စခန်းအသစ် ဖွင့်တာနဲ့ အဆင့် တိုးမြှင့်တာ တို့ကို အမြန်ဆုံး လုပ်သွားမှာပါ။ မကြာပါဘူး။ ဒီ နှစ်အထဲ ဖြစ်သွားမှာပါ” ဟု တာဝန်ရှိသူက ဆက်လက်ပြော သည်။ဧရိယာ အကျယ်အဝန်းနှင့် လူဦးရေ အချိုးအစားပေါ် မူတည်၍ သတ်မှတ် ထားသည့် စခန်း အဆင့် ၅ ဆင့်အရ ရဲစခန်းများ ဖွင့်လှစ် ထားရှိကြောင်း၊ တိုးတက်လာ သည့် လူဦးရေနှင့် များပြားလာသည့် မှုခင်းပိုင်းပေါ် အခြေပြုကာ လိုအပ်ပါက စခန်းများ၏ ရှိပြီး အဆင့်ကို တိုးချဲ့ရပါကြောင်း ပြည်ထဲရေး ဝန် ကြီးဌာနစာရင်းများအရသိရသည်။
အခြေခံ သတ်မှတ်မှု အရ ရဲ စခန်းတစ်ခုလျှင် အနည်းဆုံး ၁၈ ဦးမှ အများဆုံး ၆၉ ဦး တာဝန် ချထားပေးပြီး အဆင့် (ဃ) တွင် တာဝန် ချထားသည့် ရဲ ၃၆ ဦးရှိ သည် ဟု သိရသည်။ဇွန်လက ရခိုင်ပြည်နယ်၌ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူ အသေအပျောက် ရှိခဲ့ရာ အုပ်ချုပ်ရေး တံတိုင်းအဖြစ် မောင်တော ခရိုင်ကို ဌာနဆိုင်ရာများ က ဖွဲ့စည်းပုံ အင်အား အပြည့်ဖြင့် ခန့်အပ်ရန် စီစဉ်နေကြောင်းနှင့် မြို့နယ်များတွင် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကျေးရွာများ၌ ရဲတပ်ဖွဲ့နှင့် ပြည်သူများ ပူးပေါင်းကာ လုံခြုံရေး အစီအမံများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်