Sunday, August 12, 2012

မြန်မာသံအမတ်ကို အင်ဒိုက နှင်ထုတ်ဖို့တောင်း

Posted by drmyochit Sunday, August 12, 2012, under | No comments


 
မန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့ပဋိပက္ခနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံက မြန်မာသံအမတ်ကို နှင်ထုတ်ဖို့ အတွက်မြို့တော်ဂျာကာတာမှာ ရှိတဲ့ မြန်မာသံရုံးရှေ့မှာလူပေါင်း ၁၀၀လေက် စုရုံှးဆန္ဒပြခဲ့ကြပါတယ်။
 အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့မှာ ခုလို စာတမ်းတွေကိုင်ပြီး အော်ဟစ်ဆန္ဒပြခဲ့ကြ (Credit: ABC) ဆန္ဒပြသူတွေ က သံရုံးကို ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး၊ အင်ဒိုနီးရှားသမ္မတကို မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ် အာစီယံ ASEAN အသင်းဥက္ကဌအဖြစ်ဆောင်ရွက်ခွင့်ထောက်ပံ့မှုတွေကိုရုတ်သိမ်းဖို့တောင်းဆိုခဲ့ပါတယ်။

 အလားတူဆန္ဒပြမှုတွေ
အီဂျစ်နိုင်ငံ က ကိုင်ရိုမြို့တော်မှာလဲ ဖြစ်ခဲ့ပါတယ်။တဆက်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ ထွက်ပြေးရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေကို ရိက္ခာထောက်ပံ့မှုမပေးဖို့တားမြစ်ခဲ့တာကို ဥရောပသမဂ္ဂ လူသားခြင်း စာနာမှုကော်မရှင်ကထောက်ပံ့မှုတွေပေးခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်။
 
 
 ဘင်္ဂလားဒေ့ရှ်အစိုးရက
ထောက်ပံ့ကြေးတွေပေးနေရင် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာဖို့အားပေးရာရောက် တယ်လို့ဆိုပါတယ်။

 အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး အကျဉ်းချခံထားရတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် အဘူ ဘာကာ ဘာရှားက မွတ်ဆလင်တွေ ဆက်ပြီး ဖိနှိပ်သတ်ဖြတ် ခံရမယ်ဆိုရင် မြန်မာအစိုးရကို ဘာသာရေးအရ ဂျီဟတ်စစ်ပွဲ ဆင်နွှဲ မယ်လို့ ခြိမ်းခြောက်ခဲ့ တဲ့အပေါ် မြန်မာအစိုးရကဥပဒေတွေအတိုင်း ထိန်းသိမ်း ဆောင်ရွက် နေတဲ့အကြောင်း၊

ဘယ်ဘာသာကိုမှ
ဖိနှိပ်ချုပ်ချယ်တာ မရှိကြောင်း၊  သေသေချာချာ ဆန်းစစ်ပြီးရင်တော့ လုပ်သင့်လုပ်ထိုက်တာကို နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ့်အကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် သမ္မတရုံး ကတုန့်ပြန်ခဲ့တယ်လို့သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်