Tuesday, September 10, 2013

ဓာတ်ဆီ သို့မဟုတ် ဒီဇာယ်ကို ဘယ်အချိန်တွေမှာ ဖြည့်သင့်သလဲ

Posted by drmyochit Tuesday, September 10, 2013, under | 2 comments

လောင်စာဆီကို အသုံးပြုနေရသော စက်ပစ္စည်းများ အတွက် ဆောင်သင့် ရှောင်သင့်သော အကြံပြုချက် တစ်ချို့ကို ရေးသား လိုက်ရဖြင်း ဖြစ်ပါတယ်။

မိမိ၏ စက်ပစ္စည်း တစ်ခုခုကို ဓာတ်ဆီ သို့မဟုတ် ဒီဇာတ် ဖြည့်တော့မယ် ဆိုရင် နံနက်စောစောပိုင်းနှင့် ညပိုင်းတို့မှာ ဖြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လောင်စာဆီ၏ သဘော သဘာဝက အပူချိန်များလျှင် မြင့်တက်ပါတယ်။ ဒါကြောင့် နံနက်ခင်း အေးနေတဲ့ အချိန် ဒါမှမဟုတ် ညဘက် အေးနေတဲ့ အချိန်တွေမှာ ထည့်သင့် တယ်လို့ ဆိုပါတယ်။ အလွန်ပူနေတဲ့ နေ့လယ် နေ့ခင်းတွေမှ တတ်နိုင်သလောက် မထည့်ပါနဲ့။

တင့်ကား ဒါမှမဟုတ် အသွားအလာနည်းသော ကားကြီးတွေကို ဆီဖြည့်တော့မယ် ဆိုလျှင် အပြည့် မဖြည့်ပါနဲ့။ အဘယ်ကြောင့် ဆိုသော် ၎င်းကားများသည် အသုံးပြုမှု နည်းသောကြောင့် မြေပြင်ပေါ်တွင် ရက်အတန်ကြာ ရပ်နားထား ရသောကြောင့် အလိုအလျောက် ဆီများ အငွေ့ပျံ့ပြီး ခန်းခြောက် သွားနိုင်လို့ပါ။

နောက်ထပ် အကြံပေးချင်တာက ဖုန်စသည့် အမှုန်အမွှားတွေ ပျံ့လွှင့်နေသော နေရာတွေမှာ ဆီမဖြည့်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဖုန်မုန့်တွေဟာ ဆီတိုင်ဆီ အတွင်းသို့ ရောက်သွားပါက ဆီသွားမယ့် လမ်းကြောင်းကို ပိတ်စေတဲ့ အပြင် ဆီကိုလည်း ညစ်ညမ်းစေပါတယ်။

ဆီများ ညစ်ညမ်းပြီဆိုလျှင် စက်အင်ဂျင်ကို ထိခိုက်စေနိုင်ပါတယ်။
အနည်းဆုံး နှစ်ပတ်တစ်ကြိမ်လောက် ကားဘီးလေများကို စစ်ဆေးပေးပါ။ ကာဘီးများကို နှစ်ပတ်တစ်ကြိမ် စစ်ဆေးပေးခြင်းဟာ လေလျော့ မလျော့ ကို သိရှိနိုင်ပါတယ်။ ကာဘီးလေ လျော့တာဟာ ဘီးလည်အားကို နည်းကွေး စေတဲ့အပြင် အင်ဂျင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဘာလို့ အင်ဂျင်ကို ထိခိုက်နိုင်သလဲဆိုရင် လေလျော့နေခြင်းကြောင့် အင်ဂျင်ဆွဲသလောက် ဘီးလိုက် ပြီးမလည်ပါဘူး။ ခရီးဝေးသွားလျှင် ဘီးလေမရှိခြင်းက အသက်တန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
၅ နှစ်မှာ တစ်ကြိမ်လောက် ပလပ်ခေါင်းတွေကို သန့်ရှင်းပေးပါ။ အရေအသွေး ကောင်းသော ပပလပ်ခေါင်းတွေကို အသုံးပြုသင့် ပါတယ်။

အင်ဂျင်၏ ဘေးမှာ လေအေးပေးစက် ကောင်းကောင်း ထားသင့်ပါတယ်။ သို့မှသာ အင်ဂျင်ကို အပူသက်သာစေမှာ ဖြစ်ပါတယ်။ ခရီးဝေးတစ်ခုကို သွားတော့မယ်ဆိုလျှင် ဆီ၊ ရေ၊ လေ သုံးမျိုးကို အမြဲတန်း စစ်ဆေးပါ။ ၎င်းသုံးမျိုးဟာ ကားတစ်စီးအတွက် အလွန်ပဲ အရေးကြီးသော ကဏ္ဍဖြစ်ပါတယ်။ အဲဒီသုံးမျိုးထဲက တစ်ခုခု လိုအပ်နေရင် ခရီးရှည် မသွားတာ အကောင်းဆုံးပါ။ အသက်အန္တရာယ်ကို ထိခိုက်စေနိုင် ပါတယ်။

နောက်ဆုံး အကြံပေးချင်တာက မိမိစက်ပစ္စည်းများကို အလျင်သင့်ရင် သင့်သလို သန့်ရှင်းရေးများ ပြုလုပ်ပေးစေ ချင်ပါတယ်။ အမှုန်အမွားတွေက ဆီကို ညစ်ညမ်းစေ ပါတယ်။ ထို့ပြင် တစ်ခြားနေရာများမှာလည်း ပိတ်ဆို့ မှုတွေကို ဖြစ်နိုင်ပါတယ်။

Ref - General Knowledge
ကျော်လင်းနိုင် (ရိုးရာလေး)

2 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်