Tuesday, September 10, 2013

ချင်းပြည်နယ်၊ ဖလမ်းမြို့သည်ပြတ်ရွေ့ကြောင်းပေါ်တွင်တည်ရှိ၍မြေကျွံကျမှုများဖြစ်ပေါ်နိုင်

Posted by drmyochit Tuesday, September 10, 2013, under | No comments

ကလေး၊  စက်တင်ဘာ  ၁၀ ။

ချင်းပြည်နယ်၊ ဖလမ်းမြို့သည် မြေထုလှုပ်ရှားမှုများနှင့် မိုးဆက်တိုက်ရွာသွန်းပါက မြေကျွံမှုများဆက်တိုက်ဖြစ်ပေါ်နိုင်ပြီး ဖလမ်းမြို့နယ် ဒေသအချို့ ပျက်စီးသွားနိုင်ကြောင်း စက်တင်ဘာ(၇)ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဖလမ်းမြို့လူထုနှင့်  ဘူမိဗေဒပညာရှင်များ တွေ့ဆုံပွဲမှ သိရသည်။

“သြဂုတ်(၂၃)ရက်နေ့က ဖလမ်းမြို့နယ်၊ လိုင်ဇာရွာမှာ မြေကျွံကျမှုကြောင့် အိမ်(၃)လုံးမြေကြီးကို နစ်မြှုပ်သွားခဲ့ပါတယ်။မြေကျွံကျတဲ့နေရာမှာ အက်ကွဲကြောင်းကြီး ကျန်ခဲ့တယ်။ စစ်ကိုင်းပြတ်ရွေ့လိုပဲ
ဖလမ်းမှာလည်း ပြတ်ရွေ့ကြောင်းရှိနေပြီးဖလမ်းပြတ်ရွေ့ကြောင်းဟာ အရှေ့တောင်ဘက်မ အနောက်ဘက် နာဂဒေသအထိ ရှည်တယ်လို့ ဘူမိဗေဒ ပညာရှင်တွေက ပြောပါတယ်”ဟု ဖလမ်းအထက(ခွဲ)မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။

ဖလမ်းမြို့သည် မြေလွှာပြတ်ရွေ့ကြောင်းပေါ်တွင် တည်ရှိ နေသောကြောင့် စီမံချက်ရှိရှိ ဆောင်ရွက်ထားသင့်ကြောင်း၊ဖလမ်းမြို့ရှိ ကျောက်များသည် ရေကိုအလွယ်တကူ စိမ့်ဝင်နိုင်သော ကျောက်များဖြစ်၍ မိုးများသည့်အချိန်တွင် သတိထားသင့်ကြောင်း၊ စိမ့်စမ်းရေထွက်သော နေရာများတွင် ရေကြည်ထွက်လျှင် ကိစ္စမရှိသော်လည်း၊ စိမ့်စမ်းရေ နောက်လာပါက သတိထားနေသင့်ကြောင်းနှင့် သဘာဝ သစ်တောများကိုလည်း ဥတုရာသီမှန်ကန်မှု ရှိစေရန် ထိမ်းသိန်း စောင့်ရှောက်သင့်သည်ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့သည် တောင်ကုန်း၊ တောင်စောင်းများပေါ်တွင် တည်ထားသောမြို့ဖြစ်ပြီး အဆောက်အဦနှင့် အိမ်ခြေ(၁၇၂၄)ခန့်၊ လူဦးရေ(၇၇၈၃) ဦးခန့် နေထိုင်သော မြို့ဖြစ်ကြောင်း သိရသည်။

လ၀န်းချို
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်