ရန်ကုန် ၊ စက်တင်ဘာ ၉
အစိုးရ နှင့်တိုင်းရင်းသားလက်နက်ကိုင် များကြား စစ်မှန်သည့် ငြိမ်းချမ်း ရေးမရရှိနိုင်သေးသည့် အကြောင်း ရင်း ငါးချက်အား KNU/ KNLA (ငြိမ်းချမ်းရေးကောင်စီ)မှ အစိုးရ ထံသို့ သဘောထား ကြေညာ ချက် တစ်စောင် တရားဝင်ပေးပို့ခဲ့သည်။ ယင်းကြေညာချက်အား စက်တင်ဘာ ၈ရက်တွင် KNU/ KNLA (ငြိမ်း/ကောင်စီ)၏ ဗဟိုကော်မတီအစည်းအဝေးအ ပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စများတွင် တိုင်းရင်း သားအဖွဲ့အစည်း တစ်ခုချင်းစီအ လိုက်ဆွေးနွေးခြင်းမပြုဘဲ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနှင့် တိုင်ပင်ညှိနှိုင်းဆွေးနွေး၍ တိုင်း ရင်းသားစည်းလုံးညီ ညွှတ်ရေးနှင့် ဒေသန္တရဖွံ့ဖြိုး တိုး တက်ရေးအ တွက် အစိုးရမှကူ ညီထောက်ပံ့ ပေးခြင်း(သို့)တိုင်းရင်းသားအဖွဲ့ အစည်းများမှ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ပေးနိုင်ရန်အတွက် အစိုးရမှ ဆောင်ရွက်ပေးသင့် ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
KNU/ KNLA (ငြိမ်း/ ကောင်စီ) နိုင်ငံခြားရေးရာတာ ဝန်ခံဗိုလ်မှူးချုပ်ဒေါက်တာတင် မသီက ''အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြီးကတည်းက ဒေသ ခံဖွံ့ဖြိုးရေးအတွက် ပူးပေါင်း လုပ်ဖို့ပါပေမယ့် အခုထိ အကောင် အထည်မပေါ် သေး ဘူး။ ကိုယ်ထူ ကိုယ်ထ လုပ်ဖို့ကိုလည်း ပြောပေ မယ့် သက်ဆိုင်ရာဒေသ အာဏာ ပိုင်တွေက လက်မှတ်ကလေးတစ် ချက်ထိုးဖို့တောင် နှောင့်နှေးနေ တယ်၊ တိုင်းရင်းသားဒေသတွေ က ဘယ်လို ဖွံ့ဖြိုး တိုးတက်တော့ မှာလဲ''ဟု ပြောသည်။
တိုင်းရင်းသားလူမျိုးများ ၏ ဆင်းရဲနွမ်းပါးမှုများကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ အရေးနှင့် ၂၀၁၅ ရွေးကောက် ပွဲအတိုင်မီ တိုင်းရင်းသားလက် နက်ကိုင်များနှင့်အခြားသော နိုင်ငံရေးအဖွဲ့အစည်းများအား အစိုးရမှခေါ်ယူတွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လိုအပ် ချက်များအား ဖြည့်စွက်ခြင်းနှင့် ပြုပြင်နိုင်ရေးအတွက် တိုင်းရင်း သားများအား အစည်းအဝေးတစ် ရပ်ခေါ်ယူရန် အစိုးရအားတိုက် တွန်းထားသည်။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များ ကြား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖွံ့ဖြိုးတိုးတက်ရေး လက်တွဲ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ အောက် ခြေအဆင့်အထိ သက်ရောက် ရန် နှစ်ဖက်အဖွဲ့အစည်းကြား ဆောင်ရွက်နိုင်ရမည်ဟု ယင်း ကြေညာ ချက်တွင် ပါရှိသည်။
KNU/ KNLA (ငြိမ်း/ ကောင်စီ)မှ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောဌေးမောင်က ''တိုင်းရင်းသား ဒေသတွေမှာဘာတွေဖြစ်နေလဲ ဆိုတော့ အပစ်အခတ်ရပ်ထား တုန်းက သူတို့စည်းမျဉ်းစည်း ကမ်းတွေရှိတယ်။ စစ်တပ်က ဒီစည်းကိုမကျော်ရဘူး။ အတွင်း ထဲကို မဝင်ရဘူးဆိုတာ စည်း မျဉ်းလိုင်းတွေသဘောတူညီ ချက်ရှိထားတယ်။ ဒီသဘောတူ ညီချက်တွေကိုလည်း သူတို့က နာမထောင်ဘူး''ဟု သုံးသပ်ပြော ဆိုသည်။ KNU/ KNLA (ငြိမ်း ချမ်းရေးကောင်စီ)သည် ၂၀၀၇ ခုနှစ် ယခင် အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြု လုပ်ခဲ့သည်။ အစိုးရသစ်နှင့် ပဏာ မအဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ၂၀၁၂ ဖေဖော်ဝါရီ ရရက်တွင် သဘော တူလက်မှတ်ရေးထိုးထားသည်။ အစိုးရ သစ်နှင့် ကိုးခု မြောက် အပစ်အခတ်ရပ်စဲရေးသဘောတူ ညီမှုရရှိခဲ့သည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ဖြစ်သည်။
လင်းအောင်
Yangon Media Group
Tuesday, September 10, 2013
တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးမရနိုင်သေးသည့် အကြောင်းရင်း ငါးချက် အစိုးရထံပေးပို့
Posted by drmyochit
Tuesday, September 10, 2013, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment