Tuesday, September 10, 2013

ြ့မန်မာလူမျိုးများ မသိမဖြစ် သိထားအပ်သော ဗုဒ္ဓ၀င် အကျဉ်းချုပ်

Posted by drmyochit Tuesday, September 10, 2013, under | No comments



ကျွန်တော်ယခုတင်ပြမယ့် အကြောင်းအရာကတော့ ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ သိပြီးသား တွေဖြစ်တဲ့ မြတ်စွာဘုရားရှင် မွေးဖွားသည့် အချိန်မှစ၍ ပရိနိဗ္ဗာန်ပြုသည့် အချိန်အထိ သိမှတ်ဖွယ်ရာများ ကို ဗုဒ္ဓဘာသာဝင်များ အလွယ်တကူ သိမှတ်စေရန် ရည်ရွယ်၍ရေးသားခြင်းဖြစ်ပါသည်။

အမည်- သိဒ္ဓတ္ထ ဂေါတမ

ခမည်းတော် - သုဒ္ဓေါဒန ဂေါတမ မင်းကြီး

မယ်တော် - မိဖုရား မဟာ မာယာ (မွေးဖွားပြီး ခုနှစ်ရက်အကြာတွင်သေဆုံးသည်)

လူမျိုးစု - ခတ္တိယ

မိထွေးတော် - မဟာပဇာပတိ ဂေါတမီ

မွေးဖွားသည့်ရက် - ခရစ်မပေါ်မီ ၆၂၃ ခု၊ မေလ ၊ သောကြာနေ့
မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့

မွေးဖွားသည့်ဒေသ - လုမ္ဗိနီအင်ကြင်းဥယျာဉ်၊ ကပိလ၀တ်ပြည်

မွေးဖွားသည့်တိုင်းပြည် - အိန္ဒိယ (ယခု နီပေါနိုင်ငံ) မဇ္ဈိမဒေသ

မွေးဖွားသည့်နေရာရှိအပင် - အင်ကြင်းပင်

ပထမဦးဆုံးပြောသည့်စကား - “ငါသည် တလောကလုံးတွင်အမြတ်ဆုံးဖြစ်၏”

ဖွားဖက်တော် ခုနှစ်ဦး- ယသော်ဓရာမင်းသမီး၊ ညီတော်နန္ဒ၊ ကာဠုဒါယီအမတ်လောင်း၊ ဆန္ဒအမတ် လောင်း၊ ကဏ္ဍကမြင်း၊ ရွေအိုးကြီးလေးလုံး၊ ဗောဓိပင်

အိမ်ထောင်ပြုသည့်အသက် - ၁၆ နှစ်

ဇနီး - ယသော်ဓရာ မင်းသမီး (၀မ်းကွဲနှမ)

သားတော် - ရာဟုလာ

ယောက္ခမတော်များ - သုပ္ပဗုဒ္ဓမင်းကြီး (ဒေ၀ဒဟပြည်မင်းကြီး)၊မိဖုရား အမိတ္တာ(သုဒ္ဓေါဒန မင်းကြီး၏ အမတော်)

ယောက်ဖတော် - ဒေ၀ဒတ် (ညီအကိုဝမ်းကွဲ)

ကောဏ္ဍညပုဏ္ဏားပြောသည့်စကား - “အရှင်သားတော်သည် တောထွက်၍ ဘုရားဧကန်ဖြစ်လိမ့်မည်”

နမိတ်ကြီးလေးပါး - သူအို၊သူနာ၊သူသေ၊ရဟန်း

သားတော်မွေးဖွားပြီးပြောသည့်စကား - “ရာဟုဖမ်းပြီ၊အနှောင်အဖွဲ့ဖြစ်ပြီ”

တောထွက်သည့်အသက် - ၂၉နှစ်၊(အိမ်ထောင်ပြုပြီး ၁၃ နှစ်အကြာ)

တောထွက်သည့်အချိန် - ခရစ်မပေါ်မီ ၅၉၄ ခု၊ ဇူလိုင်လ၊ တနင်္လာနေ့ (ညလယ်)၊မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့်နေ့

မြင်းရထားမောင်းသူ - ဆန္ဒအမတ်

တော်ဝင်မြင်းအမည် - ကဏ္ဍက (သခင်နဲ့ခွဲပြီးနောက်သေဆုံးသွားသည်)

ဖြတ်သွားသည့်မြစ် - အနော်မာ

သွားသည့်နေရာ - ဥရုဝေလတော

ဘုရားလောင်းအားနောက်ဆုံးဆွမ်းကပ်သူ - သုဇာတာ ဃနာနို့ဆွမ်း( ၄၉ လုပ်မျှသာ)

ဘုရားလောင်းအားမြက်လှူဒါန်းသူ- သောတ္ထိယ မြက်ရိတ်သမားမှမြက်ရှစ်ဆုပ်လှူဒါန်းသည်

ကျင့်ကြံမှု - မဇ္ဈိမ ပဋ္ဋိပဒါလမ်းစဉ်၊ ၀င်လေထွက်လေကို ရှုမှတ်ခြင်း

နေရာ - အိန္ဒယနိုင်ငံ၊ ဘီဟာပြည်နယ်တွင်ရှိသော ဗုဒ္ဓဂါယာ -

အမှီပြုသည့်အပင် - ဗောဓိပင်

တရားအားထုတ်- ၆ နှစ်

ဘုရားဖြစ်သည့်အသက် - ၃၅ နှစ်

ဘုရားဖြစ်သည့်နေ့ - ခရစ်မပေါ်မီ ၅၈၈၊မေလ၊ ဗုဒ္ဓဟူးနေ့၊မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့

တရားဦးဟောသည့်နေရာ - သမင်ခြံ၊ မိဂဒါဝုန်တော၊

တရားဦးဟောသည့်အချိန် - စနေနေ့၊ ဇူလိုင်လ၊ ခရစ်မပေါ်မီ ၅၈၈ မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်နေ့

ဟောသည့်တရားဦး - ဓမ္မစက္ကပ၀တ္တနသုတ္တန်တရားတော်

ပထမဆုံးသံဃာငါးဦး - အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဓိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ

အမျိုးသားဓမ္မသေနာပတိ- ရှင်သာရိပုတ္တရာမထေရ် (ဥပတိဿ)၊ လက်ယာရံ။ ရှင်မောဂ္ဂလာန် မထေရ်(ကောလိတ)၊ လက်ဝဲရံ
အမျိုးသမီးဓမ္မသေနာပတိ - ခေမာ ထေရီ၊ လက်ယာရံ (ဗိမ္ဗိသာရမင်းကြီး၏မိဖုရား)။ ဥပ္ပလ၀ဏ် ထေရီ ၊လက်ဝဲရံ

ဘုရားရှင်အားနောက်ဆုံးဆွမ်းကပ်သူ - စုန္ဒ (၀က်ပျိုသားဆွမ်း)

ရောဂါ - သွေးဝမ်းသွားရောဂါ
သက်တော် - ၈၀ နှစ်
ဝါတော် - ၄၅ ၀ါ

ပရိနိဗ္ဗာန်ပြုသည့် အပင် - အင်ကြင်းပင်နှစ်ပင်ကြား

ပရိနိဗ္ဗာန်ပြုသည့်နေရာ - အင်ကြင်းဥယျာဉ်၊ ကုသိနာရုံပြည် (ယခု ဥတရာပတ်၊ အိန္ဒိယနိုင်ငံ)

ဗုဒ္ဓ၏ နောက်ဆုံးသာဝက - သုဘဒ္ဒ မထေရ်

ဗုဒ္ဓ၏ နောက်ဆုံးစကား - “ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောရှိကြသည်။ သင်ချစ်သားတို့ မမေ့မလျော့သောသတိတရားတို့ဖြင့် အားထုတ်ကြကုန်လော့” ( အပ္ပမာဒေန သမ္မာဒေထ)

ပရိနိဗ္ဗာန်ပြုသည့်အချိန် - ခရစ်မပေါ်မီ ၅၄၃ ခု၊ မေလ၊ အင်္ဂါနေ့ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန် လပြည့်နေ့

Original up-loader

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်