Saturday, September 29, 2012

နန့်မော်တိုက်ပွဲ KIA စစ်တပ်များ ကျဆုံးမှုအတွက် ဆုတောင်းပွဲပြုလုပ်

Posted by drmyochit Saturday, September 29, 2012, under | No comments



စက်တင်ဘာလ (၂၄) ရက်နေ့ညနေပိုင်းတွင် နန့်မော်အနီး၌ KIA နှင့် ဗမာစစ်တပ်တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် KIA ဘက်မှ စစ်သည်  ( ၃၀ ) ဦးကျဆုံးခဲ့ပြီး (၄၀) ဦးဒဏ်ရာ  ရရှိခဲ့သည်။ ထိုနန့်မော် တိုက်ပွဲတွင်ကျဆုံးသွားသော KIA စစ်သည်များအတွက် ၀တ်ပြုဆုတောင်းပွဲ တစ်ခုအား လိုင်ဇာဌာနချုပ်အနီးတွင် ယနေ့ စက်တင်ဘာ (၂၈) ရက်နေ့တွင် ပြုလုပ်သွားခဲ့ကြောင်း သိရ သည်။


ဆုတောင်းပွဲအား လိုင်ဇာဌာနချုပ်အနီးရှိ ခရစ်ယာန်ဘုရားကျောင်း၌ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး KIA စစ်ဘက်အရာရှိအချို့လည်း တက်ရောက်ကြကြောင်း သိရှိရသည်။ ထို့ပြင် လိုင်ဇာမြို့ခံများနှင့် စစ်ရှောင်ဒုက္ခသည် များပါ တက်ရောက်ခဲ့ကြောင်း ၊ ၀တ်ပြုဆုတောင်း ပွဲတွင် ကျဆုံးသွားသော စစ်သည်များအတွက် ငါးမိနစ်ငြိမ်သက်၍ ဆုတောင်းခဲ့ပြီး ၀တ်ပြုဆုတောင်းပွဲတွင် အရပ်သားများမှာ မှာကြားထားသည့်အတိုင်း ကချင်ပုဆိုးများကိုသာ ၀တ်ဆင်ခဲ့ ကြောင်းသိရသည်။

နန့်မော်တိုက်ပွဲအတွင်း ကျဆုံးခဲ့သောစစ်သည်များတွင် ကချင်လူမျိုးများနှင့်  ရှမ်းလူမျိုးတို့ပါဝင်ကြပြီး ခရစ်ယာန် ဘာသာဝင်မဟုတ်သူများလည်း ပါဝင်ကြောင်း၊ ကျဆုံးသူများ၏ အလောင်းများအား လမောင်းကုန်းတွင် ကျဆုံးသူများ ကိုးကွယ်သည့် ဘာသာအလိုက် သင်္ဂြိုလ်ပေးခဲ့သော်လည်း ၄င်းတို့၏ မိဘဆွေမျိုးများသို့ သဂြိင်္လ်ပွဲ အမီအကြောင်းကြားပေးနိုင်မှုမရှိခဲ့ပေ။

“ကျွန်တော်တို့ သူတို့ရဲ့မိသားစုတွေစီတော့ အကြောင်းကြားစာပို့ထားပါတယ် ။ ဒါပေမယ့် သဂြိင်္လ်တာ ကိုတော့ သူတို့လာသည်ထိအောင်မစောင့်နိုင်တော့ဘူး ။ စစ်ဖြစ်နေတာဆိုတော့ အဲလောက်ထိစောင့်ဖို့ အချိန်မရှိဘူးလေ သတို့နားလည်မှာပါ ။ အရင်က ကျခဲ့တဲ့ သူတွေတုန်းကလည်းပဲ တချို့ဆို လမ်းဘေးမှာတောင်မြုပ်ခဲ့ရသေးတာ။ တချို့ဆိုမြုပ်တောင် မမြုပ်နိုင်လိုက်ဘူး ။ ဒါပေမယ့်ဒီတိုက်ပွဲမှာ ကျသွားတဲ့သူတွေကတော့ ကံကောင်းပါတယ် အလောင်း ကိုပြန် သယ်လာ နိုင်သေးတယ် ” ဟု လိုင်ဇာမှ တာဝန်ရှိသူတစ်ဦကပြောကြားသည်။

 ဒဏ်ရာရသူများမှာ တပ်ရင်း (၆) အတွင်း၌ ဆေးကုသလျက်ရှိကြောင်း သိရပြီး အပြင်းအထန်ဒဏ်ရာ ရရှိထားသူ (၁၂) ဦးပါဝင်ကြောင်းသိရသည်။

ကျဆုံးသူးများတွင် တပ်ရင်း (၂၆) မှ ဗိုလ်ကြီးအဆင့်ရှိ ဘရန်နန်လည်းပါဝင်သည်။

From: ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်