Saturday, September 29, 2012

စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစိုးရ ဖြေရှင်း

Posted by drmyochit Saturday, September 29, 2012, under | No comments





ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်တွင် ရေခဲချောင်း ရောင်းသော ရခိုင်တိုင်းရင်းသား ကလေးငယ် တစ်ဦး ရိုက်နှက်ခံရမှု သတင်းမှာ မမှန်ကန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ ဦးဦးလှသိန်းက The Voice Weekly သို့ပြောကြားသည်။

အဆိုပါ ကလေးငယ်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ရှာဖွေတွေ့ရှိထားပြီဖြစ်ကာ ၄င်းကို စစ်ဆေး မေးမြန်းနေကြောင်း ၄င်းက ဆိုသည်။

ယင်းကလေးငယ် ကို ထုတ်ဖော်ပြသပေးရန် အောင်မင်္ဂလာ ရပ်ကွက်တွင် ဒေသခံ လူပေါင်းထောင်ချီ တောင်း ဆိုနေကြကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်း ချက်များ အရ သိရှိရသည်။

The Voice Weekly


 ပျောက်ဆုံးသွားသည်ဟုယူဆခဲ့သော မောင်အောင်နိုင်ဦးအားမိခင်ဖြစ်သူနှင့်အတူ ပြည်သူများအား ခေါ်ပြ ရာတွင် ပြည်သူများမှ အမှန်တကယ် ဈေးဝင်ရောင်းသည့် ကလေးမဟုတ်ကြောင်း ငြင်းဆိုနေပြီးလူစု မခွဲသေး ကြောင်းသိရသည်။

မိမိအနေဖြင့် ယနေ့တွင် အဆိုပါရပ်ကွက်သို့ ဈေးသွားရောင်းခြင်း မရှိပါကြောင်း ဈေးကြီးအတွင်း ၌သာ ရောင်းချခဲ့ပါကြောင်း ပြဿနာများ ဖြစ်ပေါ်နေသည် ကိုလည်း ကျေးရွာရှိ အခြားသူများ လာရောက် ပြောဆိုမှသာ သိရှိရပါကြောင်း မောင်အောင်နိုင်ဦးအားEleven Media Group မှ သတင်းထောက်က
 မေးမြန်းရာတွင်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်ပြည်နယ် ၀န်ကြီးချုပ်နှင့် တွေ့ဆုံရန် သံဃာတော်အချို့နှင့် ပြည်သူအချို့တို့  ပြည်နယ်အစိုးရ ရုံးသို့ သွားရောက်နေကြာင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်