Saturday, September 29, 2012

အီရန် နိုင်ငံသည် အင်အားကြီး နိုင်ငံအချို့၏ ခြိမ်းခြောက်မှုကို ဆန့်ကျင် ကန့်ကွက်ခဲ့ခြင်း

Posted by drmyochit Saturday, September 29, 2012, under | No comments

From : မြဝတီ



အီရန် သမ္မတ မာမွတ် အာမက်ဒီနီ ဂျက်သည် အစ္စရေး၏ စစ်ရေးဆိုင်ရာ ခြိမ်းခြောက် မှုများကို ရည်ညွှန်း၍ အီရန်နိုင်ငံအား အင်အားကြီး နိုင်ငံအချို့က ခြိမ်းခြောက်လျက် ရှိကြောင်း စွပ်စွဲပြောကြား ခဲ့သည်ဟု စက်တင်ဘာလ၂၆ ရက်နေ့ Xinhua သတင်းတစ်ရပ် အရသိရှိရ ပါသည်။ နိုင်ငံအချို့၏ ဖျက်စွမ်းအားပြင်း လက်နက်များနှင့် နျူကလီးယား လက်နက်များသည် စစ်လက်နက် ပစ္စည်း ပြိုင်ဆိုင်မှုနှင့် ခြိမ်းခြောက်မှု အသွင် ဖြစ်ပေါ်လာခဲ့ ကြောင်းနှင့် အီရန်နိုင်ငံအား စစ်ရေး နည်းလမ်းအရ တိုက်ခိုက်သွားမည် ဟူသော အစ္စရေးနိုင်ငံ၏ ဆက်လက် ခြိမ်းခြောက်နေမှုသည် ရှင်းလင်းသော ဥပမာတစ်ရပ် ဖြစ်ကြောင်း အာမက် ဒီနီဂျက်က စက်တင် ဘာလ ၂၅ ရက်နေ့ တွင်ပြုလုပ် ခဲ့သော ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆွေးနွေးပွဲတွင် ပြောကြား ခဲ့ပါသည်။ အာမက်ဒီနီဂျက်၏ ထိုကဲ့သို့ မှတ်ချက်ပြု ပြောကြားမှုသည် အမေရိကန် သမ္မတ အိုဘားမားက ၎င်းဆွေးနွေးပွဲ တွင် အီရန်၏ နျူကလီးယား အရေးအား သံတမန်ရေး နည်းလမ်းဖြင့် ဖြေရှင်းရန်မှာ အချိန် ကန့်သတ်ချက် ရှိကြောင်းနှင့် အီရန်အနေဖြင့် နျူကလီးယား ဗုံးထုတ်လုပ် လာပါက ရပ်တန့်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နောက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ပါသည်။ သီးခြား အနေဖြင့် နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA)ဆိုင်ရာ အီရန်သံအမတ် အလီအက်ဟာ ဆိုလ်တာနီက အမေရိကန် အနေဖြင့် အီရန် အပေါ်ချမှတ် ထားသည့် အရေးယူ ပိတ်ဆို့မှုများအား ဖယ်ရှားပေးလျှင် အီရန်နိုင်ငံသည် ယူရေနီယံ ၂ဝ ရာခိုင် နှုန်းသန့်စင်မှု အားရပ်ဆိုင်း သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ လက်ရှိ အချိန်အထိ အနောက်အုပ်စုသည် အဆိုပါအီရန်၏ ကမ်းလှမ်းမှုနှင့် ပတ်သက်၍ တုံ့ပြန်ခဲ့ခြင်း မရှိ ကြောင်း သိရှိရ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်