Saturday, September 29, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဌနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းဝင်များအား တွေ့ဆုံ

Posted by drmyochit Saturday, September 29, 2012, under | No comments


နေပြည်တော် စက်တင်ဘာ ၂၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ(၂၇)ရက် ဒေသစံတော်ချိန် ညနေ(၃)နာရီတွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး၌ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီဥက္ကဌနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းမှ အသင်းဝင် များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး၊ ဦးစိုးသိန်းနှင့် ဦးခင်ရီ၊ သံအမတ်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမေရိကန် ပြည်ထောင်စု ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr. Joseph Yun ၊ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီဥက္ကဌ Mr. Alexander Feldman နှင့် အမှုဆောင် များ၊ အမေရိကန် ကုန်သည်ကြီးများ အသင်းမှ Senior Vice President Mr. Myron Brilliant နှင့် အသင်းဝင် များ ဖြစ်ကြသည့် Abbot , ACE Group, Chevron, Chartis, Citi, Coca Cola, Deloitte, Dow Chemical, GE, Google, Master Card, Merck စသည့် ကုမ္ပဏီကြီးများမှ  လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် အမေရိကန် ပြည်ထောင်စု ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီဥက္ကဌ တို့က နှုတ်ခွန်းဆက် စကား ပြောကြား ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကား ပြောကြားသည်။ယင်းနောက် တက်ရောက်လာကြသည့် အမေရိကန် လုပ်ငန်းရှင်ကြီးများက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများ လာရောက်လုပ်ကိုင်စဉ် မြန်မာနိုင်ငံမှ ပြည်သူများအတွက် အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးမေးမြန်းကြရာ နိုင်ငံတော်သမ္မတက ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

 From: Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်