(၂၅.၈.၂၀၁၂) ရက်နေ့ မှ စတင်ပြီး
ဖားကန့်ဒေသမှာ ကေအိုင်အေတို့၏ မြို့တွင်း/မြို့ပြင်မရှောင်
ပစ်ခတ်မှုခတ်ခဲ့သည့် တိုက်ပွဲတွေများကြောင့် ဒေသခံပြည်သူများမှာ
ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
ယခုအခါ ဖားကန့်ဒေသအတွင်း၌ တပ်မတော်စစ်ကြောင်းများမှ လုံခြုံရေးဆောင်ရွက်
ပေးမှုများကြောင့် နယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်၍ စက်တင်ဘာလ ၂၂
ရက်နေ့မှစတင်ပြီး မှော်ဝမ်းရပ်ကွက်၊ ကျောက်လိုဏ်ဂူ ဘုန်းကြီးကျောင်း၊
မြို့ဦးစေတီစခန်း၊ ကချင်နှစ်ခြင်းဘုရားကျောင်း၊ ဆန်းကြယ်ကျေးရွာ၊
မစိုးရိမ်ကျောင်းတိုက်၊ မမုံဘုန်းကြီးကျောင်းများမှ လုံခြုံရေးအရ
ရွှေ့ပြောင်းနေထိုင်သူ အိမ်ထောင်စု(၂၀၃)စု၊ ကျား( ၅၆၇)ဦး၊ မ (၄၀၇)ဦး
ပေါင်း ၉၇၄ ဦးတို့သည် မိမိတို့နေရပ်အသီးသီးသို့
ပြန်လည်သွားရောက်နေထိုင်ကြပြီဖြစ်ကြောင်း သိရသည်။
အလားတူ ဖားကန့်မြို့တစ်ဝိုက်ရှိ လုံခြုံရေးအရ ရွှေ့ပြောင်းနေထိုင်ရာ
စခန်းများ မှလည်း နေရပ်သို့ပြန်ကြရန် ပြင်ဆင်လျှက်ရှိကြောင်း
သတင်းရရှိပါသည်။
From: Myanmar Express
From: Myanmar Express
0 comments:
Post a Comment