ဇွန်လ ၇ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှာ ကျင်း ပပြုလုပ် ခဲ့တဲ့ လူကုန်ကူးမှု ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြ ချက် အရ အမျိုးသမီးများ အကြမ်းဖက်ခံရမှု များတွင် ငွေကြေးဓန အင်အား ပြည့်စုံတဲ့ ပညာတတ် လူတန်း စားများ အသိုင်းအ၀ိုင်း မှာလည်း အကြမ်းဖက်မှုများ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် လူတန်းစား အသီး သီးရှိ အရွယ်သုံးပါး အမျိုးသမီးများ အားလုံးဟာ သိရှိထားရမှာ ဖြစ်ပြီး သတိပြု သင့်တယ်လို့ သိရပါ တယ်။
ဒီလို အမျိုးသမီးများ အကြမ်းဖက် ခံရမှုများမှာ ကမ္ဘာပေါ်မှာ အနည်းဆုံး ၁၅ ရာခိုင်နှုန်းမှ အများဆုံး ၇၆ ရာ ခိုင်နှုန်း အထိ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာတော့ တိုင်တန်းတဲ့ အမှုများ အပေါ် အခြေခံပြီး စစ် တမ်း ကောက်ယူခဲ့ တာဖြစ်ပွားမှု နည်းပါး တယ်လို့ သိရပါတယ်။ အမျိုးသမီးများ အကြမ်းဖက် ခံရမှု များမှာ အိမ်တွင်း အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေ ကို အများဆုံး တွေ့ရှိနေရ တယ်လို့ သိရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အမျိုးသမီးများအား ကာကွယ် စောင့်ရှောက်ရေးနဲ့ ပြုစု ပျိုးထောင်ရေး လုပ်ငန်း အဖွဲ့အနေနဲ့ အမျိုးသမီးများ အကြမ်းဖက် ခံရမှုများ လျော့နည်းအောင် အသိ ပညာပေး လုပ်ငန်းများ၊ ပညာပေး လက်ကမ်း စာစောင်များ၊ အကူအညီ တောင်းခံနိုင်တဲ့ နေရာများ၊ နှစ် သိမ့် ဆွေးနွေးဌာနများ စတဲ့ ဆောင်ရွက်မှု တွေနဲ့ ပြုလုပ်နေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
From: MRTV 4
Monday, June 10, 2013
ပညာတတ် လူတန်းစားများ အသိုင်းအ၀ိုင်းရှိ အမျိုးသမီးများ အကြမ်းဖက်ခံရမှုများ ရှိနေ
Posted by drmyochit
Monday, June 10, 2013, under သတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment