Wednesday, May 08, 2013

ပုဒ်မ၅၀၀ဖြင့် ထောင်ကျမည် သို့သော်ပုဒ်မ၄၀၁ ငြိစွန်းနေ

Posted by drmyochit Wednesday, May 08, 2013, under | No comments


မအူပင်၊ မေ ၇။ 
 
မေလ ၂ရက်နေ့တွင် ရဲဝန်ထမ်း များအား အသရေ ဖျက်မှု ကြောင့် ပုဒ်မ ၅၀၀ဖြင့် ထောင်ဒဏ် ၃လကျခံခဲ့သည့် ဗိုလ်ကြီး ဟောင်း နေမျိုးဇင် အား ပြစ်မှု ထင်ရှားသည့် အတွက် နိုင်ငံတော် လွတ်ငြိမ်း သာခွင့် ဥပဒေ ပုဒ်မ ၄၀၁ဖြင့် ပြန်လည် ငြိစွန်းခြင်း ကြောင့် လက်ကျန် ထောင်ဒဏ် ၆နှစ် ၄လ ကျခံရ မည်ဟု မေလ ၇ရက်နေ့ ၌ မအူပင် အကျဉ်း ထောင်မှ တာဝန် ရှိသူ များနှင့် တွေ့ဆုံစဉ်ပြောကြားသွားကြောင်း အဆိုပါအရေး ကိစ္စ အား လိုက်လံ ဆောင်ရွက်လျက်ရှိသည့် ပန်းတနော်မြို့နယ် တောင်သူလယ်သမား ဖွံ့ဖြိုးရေးသမဂ္ဂ အထွေ ထွေ အတွင်းရေးမှူး ကိုမောင်ငြိမ်း က မြန်မာ့ခေတ်သို့ ပြောကြားသည်။
 
 ပထမ ပုဒ်မ ၅၀၀ ဆိုပြီး အသရေ ဖျက်မှုနဲ့ ဆွဲထားတဲ့ ကိစ္စမှာ ပန်းတ နော် ပြည်သူ တွေက ဒဏ်ငွေ နှစ် သောင်းဆောင် ပြီးလို့ ပြီးသွားပြီ။ အဲဒါကြောင့် အမှန်တကယ်ဆိုရင် ဒီနေ့ ကိုနေမျိုးဇင်လွတ်ပြီ။ ဒါပေမယ့် သူက ပုဒ်မ ၄၀၁ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထွက်လာတာဆိုတော့ လွတ်လွတ်ခြင်း တစ်နှစ်အတွင်း အပြစ်မလုပ်ရ ဘူး။ လုပ်လို့ပြစ်မှု ထင်ရှားရင် လက်ကျန် ထောင်ဒဏ် ကျခံရမယ်ဆိုတဲ့ အမှုတွဲ ဒီနေ့ဘဲ လာတင် သွင်း တာပါ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 
ထိုသို့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် ပုဒ်မ ၄၀၁ဖြင့် ပြန်လည်ငြိစွန်းသည့်အတွက် ဗိုလ်မှူးကြီးဟောင်း
နေမျိုး ဇင်အား လက်ရှိ တရားစွဲခံရသည့် ပုဒ်မ ၅၀၀သည် ထင်ရှားသည့်အတွက် လက်ကျန် ထောင်ဒဏ်
ကျခံရ မည့် အရေးနှင့်စပ်လျဉ်း၍  အဆိုပါ ပုဒ်မ ၅၀၀အား ခရိုင်အဆင့်ထိ အယူခံ ဝင်မည်ဖြစ်ကြောင်း သိရပြီး မေလ ၈ရက်နေ့ မနက် ၈နာရီတွင် ၈၈မျိုးဆက်ကျောင်းသားများနှင့်တွေ့ဆုံကာ တရားဥပဒေဘောင်အတွင်းမှ လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။
 
ယင်းသို့ မေလ ၇ရက်နေ့တွင် ပြည်သူများမှ ဒဏ်ငွေ ၂သောင်း ပေးဆောင်ပြီးပါက နေမျိုးဇင်အား ပြန်လည် လွှတ်ပေးမည်ဟု သက်ဆိုင်ရာက ပြောကြားခြင်းကြောင့် ဧရာဝတီတိုင်းရှိ ကျေးရွာ ၁၄ရွာခန့်မှ လူဦးရေ ၁၀၀နီးပါးခန့်သည် မအူပင်ထောင်ရှေ့၌ ကြိုဆိုမှုများ ပြုလုပ်ရန် နံနက် ၁၂နာရီခန့်မှ စတင်ကာ စောင့်ဆိုင်းမှုများ ရှိခဲ့သော်လည်း ညနေ ၃နာရီခန့်တွင် မိသားစုဝင်အချို့ အား ခေါ်ယူ၍ ထောင်အာဏာပိုင်များက ပုဒ်မ ၄၀၁နှင့်စပ်လျဉ်းသည့် အမှုတွဲအား ရှင်းပြခဲ့ကြောင်း မိသားစုဝင်များ၏ ပြေကြားချက်အရ သိရသည်။
 
TMA
From: မြန်မာ့ခေတ်  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်