Wednesday, May 08, 2013

ဗလီများသို့ ဘာသာခြားများ ဝင်ရောက်လေ့လာခွင့် ပိတ်ပင် ထားခြင်း မရှိ ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်လေ့လာနိုင်ဟု ဆို

Posted by drmyochit Wednesday, May 08, 2013, under | No comments



အစ္စလာမ် ဘာသာဝင်များ ဝတ်ပြုရာ ဗလီ များသို့ ဘာသာခြားများ ဝင်ရောက် လေ့လာ ခွင့်ကို မည်သည့် အခါ ကမျှ ပိတ်ပင် ထားခြင်း မရှိသလို ဝင်ရောက် လေ့လာ လိုပါကလည်း သက်ဆိုင်ရာ ဗလီ ဂေါပက အဖွဲ့၏ ခွင့်ပြုချက် ရယူပြီး အချိန်မရွေး ဝင်ရောက်လေ့လာ ၍ရကြောင်း အစ္စလာမ်ဘာသာရေး အသင်းများ ထံမှ သိရသည်။

''ဗလီထဲကို ဘာသာခြားတွေ ဝင် ရောက်ခွင့် ပိတ်ပင်ထားတယ်ဆိုတာ သတင်းအမှားကြီးပါ။ ဘယ်တုန်းကမှ ပိတ်ပင် ထားခြင်း မရှိပါဘူး။ ဗလီထဲကို ဝင်ရောက်လေ့လာချင်တယ်ဆိုရင် ဗလီ ဂေါပက အဖွဲ့ဆီက ခွင့်ပြု ချက် ရယူရုံ ပါပဲ'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ ဝီအဖွဲ့ချုပ်မှ ဦးကျော်စိုးက ပြောသည်။

သက် ဆိုင်ရာ ဗလီဂေါပကအဖွဲ့ထံ သို့ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ခွင့်ပြု ချက်တောင်းခံပြီး ဝင်ရောက် လေ့လာနိုင် ကြောင်း၊ ဗလီတွင်းဝင်ရောက် လေ့လာ ရန်အတွက် မည်သည့်ကန့်သတ်ချက် ကြီးကြီး မားမား မျှ မရှိကြောင်း သိရ သည်။

''ဂေါပက အဖွဲ့ရဲ့ ခွင့်ပြုချက် ရပြီ ဆိုရင် ဝင်လေ့လာလို့ရပါတယ်။ ဒါပေမဲ့ ဘာသာရေးအရ ဖိနပ် မစီးရ တာတို့၊ ကိုယ်လက် သန့်ရှင်း စင်ကြယ်အောင် လုပ်ဖို့ တို့ပဲ လိုပါတယ်'' ဟု အိုလမာ အစ္စလာမ် သာသနာ ပညာ ရှင်များ အဖွဲ့ ချုပ်မှ အောင်လာနာယူစွပ်ဖ်ဦးသိန်း မြင့်က ဆိုသည်။

ရွှေညဝါဆရာတော်က ယခုကဲ့သို့ ဗလီများအတွင်းသို့ ဝင်ရောက်လေ့လာ ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ပြုခြင်းသည် လက် ရှိဖြစ်ပေါ်နေသော ပဋိပက္ခ ဖြစ်စဉ်များ လျော့နည်းသွားစေရေး၊ နှစ်ဖက် သံ သယများ လျော့ပါး သွားစေရေး အတွက် များစွာ အထောက်အကူ ပြုနိုင်ေ သာ ကြောင့် ယင်းအား ကြိုဆိုကြောင်း မိန့် သည်။

''ကောင်းတဲ့ လက္ခဏာပေါ့ကွာ။ ငါတို့ ဘုန်းကြီးကျောင်းတွေမှာဆိုရင် ဘယ်သူမဆို လွတ်လပ်စွာ ဝင်ထွက် ခွင့် ရှိတယ်လေ။ အဲဒီတော့ သူတို့ရဲ့ ဗလီ တွေကိုလည်း ထင်သာမြင်သာတဲ့ ပုံစံ မျိုးနဲ့ ဘယ်သူမဆို လွတ်လပ် စွာ ဝင်ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ရှိတယ်ဆိုရင် နှစ်ဘာ သာကြားမှာ ပဋိပက္ခတွေ၊ သံသယတွေ လျော့နည်း သွားလိမ့်မယ်လို့ ငါ့အနေနဲ့ မြင်တယ်'' ဟု ရွှေညဝါဆရာတော်က မိန့်သည်။

ရခိုင်ပဋိပက္ခ အစီရင်ခံစာတွင် လည်း ဗလီများနှင့် အာရဗီ စာသင် ကျောင်းများကို သက်ဆိုင်ရာ၏ ခွင့်ပြု ချက်များ နှင့် အညီ ဖြစ်စေသင့်ကြောင်း၊ အထူးသဖြင့် ဘာသာရေးနှင့် သက်ဆိုင် သော နေရာဖြစ်သည့် ဗလီများ သည် မည်သူမဆို အချိန်မရွေး နားခို၊ တရား အားထုတ်နိုင်သော နေရာဖြစ်စေသင့် ကြောင်း အကြံပြု ဖော်ပြ ထားသည်။

ကျော်ရဲလင်း
From: Popular Myanmar News Journal 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်