Wednesday, January 23, 2013

တောင့်ခံမလား၊ အလိုက်သင့် မှိန်းပေးမလား၊ ပိုဇေရှင်ပြောင်းပစ်မလား

Posted by drmyochit Wednesday, January 23, 2013, under | 11 comments


ဟိုး...လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် လောက်က မိန်းကလေး တစ်ယောက် လမ်းလျှောက်ရင်း ခလုတ် တိုက်ပြီး ထမီပြဲသွား ကြည့်ပါလား။ ရှက်လွန်းလို့ အဲဒီထမီအပြဲ လူမသိအောင် ဒူးကို တုပ်ဆတုပ်ဆနဲ့ ဘုရားတပြီး အိမ်အရောက်ပြန်ပြေးမှာ အသေအချာပဲ။


အခုများတေ့ အဲသလိုမဟုတ်တော့ ထမီ ကိုယ်၌က အော်ရဂျင်နယ် အခွဲ ပေါင်ရင်း လောက်နဲ့၊ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ၀င်းကနဲ လက်ကနဲ သလုံးသားလေး တွေက လှစ်ဟလို့။ အရင်ခောတ် ကဆို "ဟဲ့ နန့် လှချေက လားဟဲ့" လို့အပြောခံရမယ့်အပေါက်။
ယောက်ျားလေးတွေဆိုလဲ ရပ်ထဲရွာထဲ ဘောင်းဘီရှည်နဲ့ လမ်းသလားဖို့တောင် အတော်သတ္တိမွေးရတယ်။
တခြား ရွာသားတွေမပြောနဲ့ ရွာကခွေးတွေကတောင် အဲသလို ၀တ်စားတာကို သိပ်ကြည့်ရ တာ မဟုတ်ဘူးကိုး။ ဘောင်းဘီရှည်ကြီးတဖားဖား နေကာမျက်မှန်ကြီးတကားကားနဲ့ဆိုရင် ခွေးတစီ စီနဲ့ဖြစ်ဖို့ က သေချာသလောက်ပဲ။အခုတော့လည်း မြို့ပြ ကျေးလက် မကျန်ဘောင်း ဘီဖက်ရှင်ဟာ သိပ်အထူး အဆန်းကြီး မဟုတ်တော့သလို၊ အရင်ချည်ချော ထဘီအစား ထဘီစကပ် ယဉ်ကျေးမှုက ရွာသူပျိုဖြူတွေရဲ့ ပွဲတက်ဖက်ရှင်ဖြစ်လာတာ ဆယ်စုနှစ် တောင်ချဉ်းရော့မယ်။
"ပိတုံးရောင်ကေသာကျော့ ဖြေကာလျှော့တဲ့ဟန်တွေတမူ" ဆိုတဲ့ မမပုသိမ်သူ သီချင်း တောင်ပြောင်း ဖူးမွှေး မီးဖုတ် ထားသလို နီကြောင်ကြား ဆံကေသာတွေ အကြား တိုးတိုး ဖွဖွသာ ညည်းနိုင်တော့ တယ်။အရင်တုန်းကဆို အရွယ်မတိုင်ခင်ဆံပင်ဖြူလေး တစ်ချောင်း နှစ်ချောင်း ပေါက် လာ ရင်သေ မလောက် စိတ်ဆင်းရဲခဲ့ကြရာကနေ ဆယ့်ခြောက်နှစ်နဲ့ တစ်ခေါင်း လုံး အဖြူဆိုးသာ ဖက်ရှင် တဲ့...။ကဲ မခက် လား။

ပြောရရင် ခေတ်ရဲ့အရွေ့တွေက အများကြီး။ လုံချည်စိမ်း အင်္ကျီဖြူနဲ့ အခုခေတ် ကျောင်းသား လေးတွေ ကိုယ်စီကိုယ်ငှ ကျောပိုးအိပ်ကိုယ်စီနဲ့။ ကျွန်တော် တို့တုန်းကလို လွယ်အိပ်မလွယ်တော့ဘူး။ နယ်တွေမှာ လွယ်အိပ်ခေတ်စားတုန်းဆိုပေမယ့် သိပ်မကြာခင် မှာမြန်ပြည် တ၀ှမ်း လွယ်အိပ်တွေ မျိုးတုံးသွားဖို့ရှိနေတယ်။

ကျွန်တော်တို့လူပျိုပေါက်ဘ၀ မိဝေးဖဝေး တက္ကသိုလ်ရောက်တဲ့အထိ အရက်ဆိုင်ထိုင်ဖို့ အတော် အားမွေးကြရတယ်။အခုများ ခွမ်းကနဲ ခွက်တိုက်ပြီး ချီးယားစ်အော်သံကြားလို့ ဘီယာဆိုင်မှာ လှည့်ကြည့် လိုက်။ ဂေါရီအရွယ် ကုမ္မာရီအမျိုးသမီးလေးများ ဗျား ခိုးခိုးခစ်ခစ်နဲ့ သောက်စားနေကြတာများ အဆန်းမ ဟုတ်တော့သလိုလို။

ဒါတွေဟာ.. ခေတ်ရေစီးနဲ့ အတူမျောလွင့်ရွေ့လျားလာတဲ့ အခြေပြောင်းတန်ဘိုးတွေပဲ။ လက်ခံတာ လက်မခံတာ အသာထား အဲဒါဟာ အရှိတရားပဲ။အဲသလို အပေါ်ယံ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ တင်ပဲ လား ဆိုပြန်တော့ဘယ်...က ပါလိမ့်မလဲ။

အရင်ခေတ်တုံးက သမီးရည်းစားနှစ်ယောက် လူမြင်ကွင်းမှာ လက်ခြင်းချိတ်ဖို့တောင် ဘေးပတ်ဝန်းကျင်ကို ရှက်နိုးနိုးဖြစ်ကြရတယ်။ အခုတော့ ဘတ်စ်ကားဂိတ်မှာ၊ လမ်းဘေးမှာ၊ ပုခုံးဖက်တာလောက်က ရိုးဟိုးဟိုး...လို့။ပါးလေးနမ်း၊ ဆံပင်လေး နမ်းတာ ဟာ အမြင်တောင် သိပ်မဆန်းတော့ သလိုလို။ ပန်းခြံတို့၊ ကန်ပေါင် တို့ မှာဆိုရင်တော့ ပြော မနေနဲ့တော့ ကိုယ့်ဆရာရေ့ ။

ဆိုလိုတာက culture လို့ခေါ်တဲ့ ယဉ်ကျေးမှုစံနှုန်းတွေ၊ identity လို့ခေါ်တဲ့ လူမျိုးရဲ့ သရုပ် သကန်တွေပါ ခောတ်ရေစီးကြောင်းထဲ အရှိန်အဟုန်နဲ့မျောပါနေပြီ။ ဖြေးဖြေး လေးနဲ့ ငြိမ့်ငြိမ့်လေး မသိမသာနဲ့ တဖြည်းဖြည်းရွေ့ လာတဲ့အရွေ့ ဟာ ခုဆို အတော် ခရီးရောက် သွားရှာပြီ။

ဆိုရှယ်လစ်ခေတ်အောက်က မြန်မာမိသားစု တစ်စုဆို သမဆိုင်ကပေးတဲ့ ဆန်ခွဲ တမ်းလေး၊ နို့ဆီ ဗူးလေး၊ ရွှေဝါ ဆပ်ပြာလေး တန်းစီလို့၊၊ မိဘများက နေထွက် ကနေ နေ၀င်လယ် ထဲကိုင်းထဲ ဆင်းလို့။ သားသမီး များကလည်း အချိန်တန်ကျောင်းတက်၊ ညနေကျောင်းဆင်းရင် မိသားစုစုံညီ ထမင်းဝိုင်းဖွဲ့ လို့။အဖေ၊ အမေကို ထမင်းဟင်းလေး ဦးချလို့နဲ့။

အချိန်တန်အရွယ်ရောက်ကျပြန်တော့ ရွာသားဆယ်ယောက်မှာ ကိုးယောက်က ကိုယ့်ရွာသူနဲ့ပဲ ပြန်ညား။ တစ်ယောက်တစ်လေပဲ ဖိတ်စင်ပြီးပုဝါပါးနဲ့ ကြက်သား ထုပ်ကြ တယ်။ အားလုံးနီးနီးက ဒီအ၀န်းအ ၀ိုင်းလေး ထဲ မှာ ပဲ သေတပန် သက်တဆုံး ရှင်သန် သွားလေ့ ရှိတယ်။
အခုတော့... အညာ အကျေ ကနေ မြို့ကြီးပြကြီး တက်တဲ့ လူကတက် နိုင်ငံ ရပ်ခြား ထွက်တဲ့ လူက ထွက်နဲ့ မိဘနဲ့ တစ်နှစ်နေ လို့ တစ်ခေါက် မတွေ့ကြရ။မွေးရပ်မြေကို မပြန်ဖြစ်တာ အတော်ကြာကြ။အောက် သူ က အညာသားနဲ့တွေ့ ၊ အညာသူက အောက် သားနဲ့ ညားကြ။ တချို့ လည်း စက်မှု လှိုင်းလုံးနဲ့ အတူ မျောပါ လာတဲ့ လူမျိုးခြားများနဲ့ အကြောင်း ပါကြ။
တစ်ချိန်တုံးက တန်ဘိုးအထားဆုံး အပျို၊လူပျိုဘ၀ကိုအလွယ်တကူစတေးလိုက်ကြဖို့ အခုတော့ သိပ်လွယ် လာ တယ်။ချစ်-ကြိုက်-ညား-ကွဲ အို...ဘယ်သူသိတာမှတ်လို့ ဆိုတဲ့ ဇာတ်ညွှန်းက အတော်ခေတ် စားလာတယ်။

အဲဒီအပြောင်းအလဲကိုတစ်ချို့ကအလန့်တကြားဖြစ်ကြတယ်။ တစ်ချို့ ကတော့ လွန်ဆန်လို့ မရတဲ့ သဘာဝလို့ ရှုမြင် သဘော ပေါက်ကြတယ်။ တစ်ချို့ ကတော့ ရေစီးကို ဇွတ်ဆန်ဖို့ အားတင်းကြတယ်။ တွန်းတွန်းတိုက်တိုက် နဲ့ စွမ်းသမျှ နိုင်သမျှ ခုခံကြတယ်။တစ်ချို့ ကတော့ အမှုမဲ့အမှတ်မဲ့နဲ့ ရေစီးအတိုင်းစုန်ဆင်းသွားကြတယ်။
မည်သူတွေ မည်သို့ပင် ဆိုစေကာမူ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ခေတ်ရဲ့ အရွေ့ကတော့ သူ့သဘောသူဆောင်ပြီး ဆက်လက်ရွေ့လျားခရီးနှင်နေမှာ အသေအချာပါ။
အဲဒီရွေ့လျားမှုနဲ့အတူပထ၀ီနယ်နိမိတ်တွေ ပေါက်ထွက်ကုန်တယ်။ယဉ်ကျေးမှုတန်ဘိုးတွေ ရောယှက်ကုန် တယ်။လူမျိုးရဲ့  သရုပ်သကန်တွေ ဆင့်ကဲပြောင်းလဲကုန်တယ်။ ယုံကြည်ကိုးကွယ်မှုစည်းရိုးတွေ ချည့်နဲ့ပါး လျား လာတယ်။

အဲဒီသဘောတရားဟာ ကမ္ဘာအနှံ့ ဟိုတစ်ကွက်၊ ဒီတစ်ကွက်နဲ့ မိုးလုံးဖျောက် ဆိပ်ဖြစ် လာတာ တွေ့ရတယ်။ တစ်ချို့ နေရာတွေမှာ ယဉ်ကျေးမှုပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ကိုးကွယ် ယုံကြည်မှု ပေါင်းစုံ ရောသမမွှေပြီး လူနေမှုပုံစံသစ်တစ်ခု မွေးဖွားသန့်စင် ရှင်သန်နေပြီ။

တချို့နေရာ တွေမှာတော့ ယဉ်ကျေးမှုတွေ ထိပ်တိုက်တိုးဆဲ.... လိပ်ခဲတည်း လည်းနဲ့ သူမသာ၊ ကိုယ်အသုဘ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေဆဲပဲ။


ကဲ....
ကျွန်တော်တို့ရော??
ဘယ်လိုလဲ??
ခေတ်အရွေ့ရဲ့  စိန်ခေါ်မှုကို ဘယ်လို ကိုင်တွယ်ရင်ဆိုင်ကြမလဲ။
ရှေးရိုးစွဲအမြင်တွေနဲ့ ဆန့်ကျင်ကြမှာလား...
ဖြစ်ချင်ရာဖြစ်ဆိုပြီး ရေစုံမျှောလိုက်မှာလား....
ခောတ်နဲ့အညီ ပိုပြီးပွင့်လင်းလွတ်လပ်တဲ့ အတွေးအခေါ်သစ်တွေနဲ့
လိုက်လျောညီထွေဖြစ်အောင် ရှင်သန်ကြမလား....။


From:မဟာကြောင်

11 comments:

ရေစီးကိုဇွတ်ဆန်ဖို့အားတင်းထားပါတယ်။ စွမ်းသမျှ နိုင်သမျှ ခုခံကာကွယ်မယ်။ စာရိတ္တတွေပျက်ပြား ကိုရတဲ့မယားက အပျိုပါဆိုပြီး တိတ်တိတ်ပုန်းပျက်ထားတာတွေကို သိနိုင်အောင်လုပ်ကြမယ်။ ယောက်ကျားကောင်းပါဆိုပြီး ကြုံတိုင်းဝါးချင်တဲ့ကောင်တွေကိုရိုက်ချိုးမယ်။

အဲဒီအပြောင်းအလဲက အကောင်းဘက်လား အဆိုးဘက်လား ဆိုတာကို နားလည်ဖို့ စာရေးသူရော ပြည်သူပြည်သားတွေရောသဘောပေါက်ရင် ကာကွယ်သင့်တာလား လက်ခံသင့်တာလား သဘောပေါက်မယ် နာမည်နဲ့လိုက်အောင် မကြောင်နဲ့ -းပဲ။ အဆိုးနဲ့ ရန်ကို ကာကွယ်သူတွေတိုင်းကိုတော့ ရှေးရိုးစွဲ မထင်နဲ့။

There was no mobile phones in MM. Now they do. Same way couples were very shy in the past but now they don't. If you wanna keep old fashion, keep it. If you don't, leave it. You can't stop changing the world and time. The only way you can do is educate your own kids the way you want. Good luck!

အဲဒီစနစ်တွေက..သဇင်နဲ့ဘာဆိုင်တုန်း..တောင့်ခံမလား..မှိန်းနေမလား.. Positionပြောင်းမလားဆိုတဲ့ခေါင်းစဉ်နဲ့..သဇင်ပုံနဲ့က..ဘယ်လိုပါတ်သက်....

ခေါင်းစဉ်နဲ့ ပုံကို အဲဒီလိုပြထားမှ စိတ်ဝင်စားမှာပေါ့ ပြီးတော့ တွေးကြည့်ရင်လည်း ရေးသားတဲ့ အကြောင်းအရာနဲ့ ခေါင်းစဉ်လိုက်ပါတယ်ဗျာ...

Sad to say, now she become a model of that article. it will reflect till the end. I do not hate her. Some parents will ues as a good sample storey when they educate their childrens.

ပညာ ပေးအနေ နဲ့ ပဲ ဖတ်ပါ နှာတွေး နဲ့ မဖတ်ကြပါနဲ့

ကောင်းတယ် ဒါပေမဲ့ video ပါထည့်ရင်ပိုကောင်းမယ်လို့ အကြုံပြုပါတယ်နော်
နှာ မပါပါဘူးကွာ ဒါ..........
ကောင်းတယ် နောက်တစ်ခါဆို video ပါ ထည်ပါလို အကြုံပြုပါတယ်








Think please, every things is good what is happening.

အေးလေရေးထားတဲ.ပုံနဲ.သဇင်နဲ.ဘာဆိုင်လို.တုန်း

အေးလေရေးထားတဲ.ပုံနဲ.သဇင်နဲ.ဘာဆိုင်လို.တုန်း

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်