Wednesday, January 23, 2013

KIAအကြမ်းဖက်သောင်းကျန်းသူများက ရတနာစံဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖမ်းဆီး

Posted by drmyochit Wednesday, January 23, 2013, under , | 1 comment

ဖားကန့် မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာရှိ ရတနာစံဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝံသာရ၊ သက်တော်၄၆နှစ်အား ဇန်နဝါရီလ ၂၀ရက် မွန်းလွဲပိုင်းတွင် KIAတပ်မဟာ(၁)၊တပ်ရင်း(၃) ကဗိုလ်ကြီးအဆင့်ရှိ ဘရန်နူး ဦးစီး အင်အား၂၈ယောက်က ဆရာတော်အား အစိုးရတပ် သတင်းပေး ဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါကျောင်းမှ ဦးဇင်းရှင်ခေမာသက ပြောသည်။

ဦးဇင်းက"ဦးဇင်းတို့ ကဆွမ်းစားပြီး လို့ကျိန်းမလို့ရှိတုန်း အော်သံကြားလို့ထွက်ကြည့် တာလေ..ကျောင်း ထဲကိုသူတို့ အုပ်စုလိုက် ပြေးဝင်လာပြီး ကျောင်းပေါ်မှာ ကျိန်းနေတဲ့ ဆရာတော်ကြီးကို သူပုန် ၃ယောက်က ဒရွတ်တိုက်ဆွဲခေါ်သွားတာ...ဦးဇင်းတို့က ဒကာကြီးတို့မှားလိမ့်မယ်....မလုပ်ပါနဲ့လို့တောင်းပန်တာကို သူတို့ က သေချင်လို့လားဆိုပြီး ပြောပြောဆိုဆို သေနတ်နဲ့ ဦးဇင်းတို့ကို သူပုန်တစ်ယောက်က ချိန်ထား တာ... ဒါနဲ့ဦးဇင်းလည်းဘာမှမပြောတော့ဘူး..ဆရာတော်ကြီးကို ဦးဇင်းတို့ ကျောင်းက ကိုရင်တွေနဲ့ ဦးဇင်း တို့ ကန်တော့ လိုက်သေးတယ်... သူပုန်တွေက မြန်မာ့မျိုးချစ်တပ်မတော် ကို သူတို့ သတင်းတွေ ပေး တယ် ဆိုပြီး လာဖမ်းတာ"ဟုပြောသည်။ရတနာစံဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်ကြီး အပါအဝင် ဦးဇင်း ၃ပါး၊ ကိုရင် ၇ပါးရှိပြီး ဆိုင်းဂျာဘွမ်ရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများ အဓိကကိုးကွယ်ကာ ရက်ကြီး ခါကြီးနေ့ များတွင် ၄င်းကျောင်းတွင်ဥပုပ်သီလ စောင့်ကြသည်။

From: စကာၤပူ

1 comments:

မိုက်မဲတဲ့ကောင်တွေ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်