Thursday, January 24, 2013

KIA ဟာ ကချင်ပြည်နယ် ကိုတိုးတက်အောင် လုပ်ပေးသလား လုပ်မပေးဘူးလားဆိုတာကို ကချင်ပြည်သူတစ်ရပ်လုံး သိသင့်ပြီ


ရွှေကူ၊ ဇန်န၀ါရီလ(၂၃)

ကေအိုင်အေတပ်နှင့် အစိုးရတပ်တို့သည် ယခင်နှစ်၊ ဇွန်လကတည်းက တိုက်ပွဲများ ဖြစ်ပွား နေပြီး ကချင်ပြည်နယ်မှ ပြည်သူများ စစ်ပွဲ၏ ဒဏ်ကို ခံစားနေကြရသည်။ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွား နေပါသည်။ စစ်ပွဲများ ဖြစ်ပွားပြင်းထန်နေသော်လည်း KIA မှ ကချင်ပြည်နယ်အနှံ့တွင် သစ်များကို ယခင်ကထက် ပိုမိုထုတ်ပြီး ကားကြီးကားငယ်ဖြင့် နေ့စဉ်(၁၅)စီး ခန့်ဖြင့် ရွှေကူ- ဗန်းမော်လမ်းကို အသုံးပြုပြီး မန်စီ (၇)မိုင်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းချ လျက် ရှိကြောင်း သိရှိရသည်။


သစ်သယ်ဆောင်သော လမ်းကြောင်းတစ်လျောက်တွင် ကေအိုင်အေမှ လက်နက်များဖြင့် စောင့် ဆိုင်း နေပြီး စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ ကေအိုင်အေမှ တိုက်များ ဖြစ်ပွားနေ သည့် အတွက် စစ်အသုံးစရိတ် အတွက် လိုအပ်သော ငွေကိုကချင်ပြည်နယ်မှ သယံဇာတ များကို ထုတ်ယူပြီး ပြည်လည်ဖြည့်တင်း လျက်ရှိ ကြောင်းသိရှိရသည်။ ကေအိုင်အေမှ ကချင်ပြည် နယ် တိုးတက်ရေးအတွက် ပြုလုပ်မည်ဟု ကြွေးကြော်နေ သော်လည်း ကချင် ပြည် နယ်မှ သယံဇာတများကို သူတို့ ကိုယ်ကျိုး ကောင်းစား ဖို့အတွက် အသုံးပြု ခြင်းနဲ့ ကချင်ပြည် သူတွေကို နှိပ်စက်ဖို့ အတွက် လက်နက်ဝယ် ယူဖို့ အတွက် အသုံး ချနေကြောင်း ရွှေကူးမှ ဒေသခံ တစ်ဦး၏ပြောပြချက်အရသိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်