Thursday, January 24, 2013

"တာဝန်သိသော အခွန်ဆောင်မှု ဖြစ်ထွန်းလိုလျှင် သမ္မတမှစ၍ ပိုင်ဆိုင်မှုပမာဏ ထုတ်ပြရန် လို"

Posted by drmyochit Thursday, January 24, 2013, under | No comments


Photo: အရမ်းမှန်တဲ့ ဆောင်းပါးတပုဒ်ပါ ပါးစပ်က ဘယ်လောက်ကောင်းအောင်

ပြောပြော လက်တွေ့က အရေးကြီးတယ် မိတ်ဆွေများဖတ်စေချင်တယ်

အေးချမ်းမွန်

*******************************************
"တာဝန်သိသော အခွန်ဆောင်မှု ဖြစ်ထွန်းလိုလျှင် သမ္မတမှစ၍ ပိုင်ဆိုင်မှုပမာဏ ထုတ်ပြရန်လို "

ရန်ကုန်၊ ဇန်နဝါရီ ၂၁

အခွန်မှရရှိသော ဝင်ငွေသည် အခွန်ထမ်းသူများအား တစ်ဦးချင်း အတွက် ပြန်လည်သုံးစွဲခြင်းမဟုတ်ဘဲ နိုင်ငံတော်ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် ထည့်ဝင်သုံးစွဲခြင်းဖြစ်သောကြောင့် အခွန်သုံးစွဲမှုဆိုင်ရာတွင် ရရှိသော အခွန်ပမာဏနှင့် မည်သည့်နေရာတွင် မည်မျှသုံးစွဲသည်ကို ပွင့်လင်းမြင်သာ စွာပြသမည်ဆိုပါကအခွန်ထမ်းပြည်သူ များ အခွန်ဆောင်ရန် ပိုမိုစိတ်ဝင်စား လာမည်ဟု ဦးမောင်မောင်လေးက သုံးသပ်ပြောသည်။

''အခွန်ဆိုတာ နိုင်ငံသားတိုင်း ဆောင်ရမယ်။ ဒါပေမဲ့ တရားမျှတတဲ့ အခွန်ဆိုတာတော့ ဖြစ်ရမယ်၊ အားလုံး က တစ်ပြေးညီဖြစ်ရမယ်။ သူ့မို့အခွန် ကင်းလွတ်ခွင့်ပြုတာမျိုး မဖြစ်ရဘူး''ဟု ဟိုတယ်လုပ်ငန်းရှင် ဦးကျော်ထွန်း က ပြောသည်။ အခွန်ကောက်ခံရာတွင် ၄င်း၏ပိုင်ဆိုင်မှုပမာဏကို ထုတ်ဖော် ပြသရပြီး ဝင်ငွေပေါ်တွင်ရရှိသောလုပ်ငန်း အမျိုးအစားအလိုက် အခွန်စည်းကြပ် ကောက်ခံရမည်ဖြစ်သောကြောင့်လူတိုင်း၏ ပိုင်ဆိုင်မှု ပမာဏထုတ်ဖော်ပြရန် လိုအပ်ခြင်းဖြစ်ကြောင်း၊ ထိုသို့အခွန် ကောက်ခံ ရာတွင်လည်း မည်သူမျှ ခြွင်းချက်အဖြစ် အခွန်ကင်းလွတ်ခွင့်ပြုရန် မရှိကြောင်း ၄င်းထံမှသိရသည်။

အခွန်ပေးဆောင်မှု မှန်ကန် စေလိုပါက နိုင်ငံတော် သမ္မတမှ စ၍ လူတိုင်း၏ ပိုင်ဆိုင်မှု ပမာဏကို ထုတ်ဖော်ပြသရန် လိုအပ်ကြောင်း လုပ်ငန်းရှင်အချို့ က ပြောသည်။
အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ''အခွန် ထမ်းခိုင်းတာမှာ တရားမျှတမှုရှိလားကို အရင်ကြည့်ရမယ်။ ကုမ္ပဏီ အသေးလေးတွေ ကျတော့ အခွန်ကောက်ပြီး ဘာမို့ညာမို့ အခွန် ကင်းလွတ်ခွင့်ပြုတယ်ဆိုရင် ဘယ် အခွန်ဆောင်ချင်မလဲ''ဟု ပြောသည်။

အခွန်စည်းကြပ်ရာတွင်လည်း ဥပဒေနှင့် အညီဆောင်ရွက်ရန် လိုအပ်ပြီး လူပုဂ္ဂိုလ်ကြည့်၍ ပြစ်ဒဏ် ချသည့်ဖြစ်ရပ်များသည် အခွန်ထမ်းသူများ ဥပဒေအပေါ် ယုံကြည်မှု နည်းပါးလာမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။
''ဆီခိုးသွင်းတော့ ဒဏ်ငွေပဲ ရိုက်တယ်၊ နယ်စပ်က တရားမဝင် ကားသွင်း လာတော့ ထောင်ချတယ်။ ဒါမျိုးက မဖြစ်သင့်ဘူး။ သူတို့နဲ့ ပလဲနံသင့်သူတွေ ကို ဒီလိုလုပ်တာ ဟာ ရုပ်ဆိုးလွန်းအားကြီးတယ်'' ဟု အထက်ပါပုဂ္ဂိုလ် က ထောက်ပြသည်။

UMFCCI မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေးက နိုင်ငံတော် သမ္မတ မှ အောက်ခြေအထိ အလုပ်ရှိသူတိုင်းသည် ဝင်ငွေခွန် ထမ်းဆောင်ရ မည် ဖြစ်သောကြောင့် ပိုင်ဆိုင်မှု ပြသရန် လိုအပ်ကြောင်း၊ ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် ကြပ်ကြပ်မတ်မတ် ပြုလုပ်ရမည်ဖြစ်ပြီး ဝင်ငွေရရှိသူ တိုင်းသည် ဝင်ငွေခွန်ထမ်းဆောင် သူများဖြစ်ရမည်။ ဝင်ငွေထွက်ငွေ ပွင့်လင်းမြင်သာမှု မရှိပါက ပြဿ နာရှိလာနိုင်ကြောင်း ပြောသည်။
ပြည်တွင်း အခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ''အခွန်ကောက်ဖို့အတွက် ဖြစ်ချင်တာက အကုန်းလုံးနဲ့ သွားချင်တာပေါ့။ ဒါပေမဲ့ နိုင်ငံတော် ဖြတ်သန်းခဲ့တဲ့ကာလ လူတွေရဲ့ စိတ်ဓာတ်တွေပေါ် မှာလည်း ရှိတယ်။ တိုင်းပြည်ဟာ စနစ်တစ်ခုလောက်မှာ အကြာကြီး နေခဲ့ ရတယ်။ အဲ့ဒီအတွက် တာဝန်သိသိနဲ့ အခွန်ဆောင်ဖို့ ဆိုတာ တော်တော် လိုပါသေးတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံသည် တိုင်းပြည် ဝင်ငွေကို သယံဇာတ ထုတ်ယူ ရောင်း ချခြင်းဖြင့် ရှာဖွေခြင်းကြောင့် အခွန်ကောက်ခံမှုပိုင်းတွင် အားနည်းမှု များ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ တိုင်းပြည်ဝင်ငွေ၏ ၃ ရာခိုင်နှုန်းသာ အခွန်မှ ရရှိသော ဝင်ငွေ ဖြစ်ကြောင်း သယံဇာတ ထုတ်ယူရောင်းချမှု ကို လျှော့ချလိုပါက အခွန်ကောက်ခံမှုကို ကြပ်မတ် ဆောင်ရွက်ရ မည် ဖြစ်ကြောင်း Spectrum Myanmar မှ Program Coordinater ကိုမော်ထွန်းအောင်က ပြောသည်။

အခွန်ပေးဆောင်မှု မှန်ကန် စေရန် ပြည်တွင်းအခွန်များ ဦးစီး ဌာနအနေဖြင့် အခွန်နှင့် ပတ်သက်သော ပညာပေးခြင်းများ စည်းရုံးလှုံ့ဆော်မှုများ ဆောင် ရွက်လျက်ရှိ ကြောင်း ဦးအောင်မိုးကြည်က ပြောသည်။
တိုင်းပြည်ဝင်ငွေကို အခွန်မှ ရှာဖွေရရှိမှု နည်းပါးရခြင်းမှာ GDP တွက်ချက် ရာတွင် အချိုးအစားပမာ ဏပါဝင်မှု အများဆုံးဖြစ်သော လယ်ယာနှင့် သားငါးကဏ္ဍတို့အ ပေါ်မှ အခွန်ပြန်လည်ကောက်ခံရရှိမှု နည်းပါးခြင်း၊ အခွန်ဆိုင်ရာ ကင်း လွတ်ခွင့်၊ သက်သာခွင့်များ များစွာ ခွင့်ပြုထားခြင်း၊ အခွန်ပမာဏ ကြီးမားစွာ ပေးဆောင်ရသော အခွန် ထမ်းများသည် အရိပ်အမျိုး မျိုးခိုကာ အခွန်လျော့နည်းသက် သာအောင် ကြံဆောင်ကြခြင်း စသည့်အချက်များကြောင့် ဖြစ် ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲအပြီး စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွင် NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတော် သမ္မတအပါအဝင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ ပိုင်ဆိုင်မှု ကြေညာပေးရမည့် အဆိုကို တင်သွင်းခဲ့သော်လည်း ယင်းအဆိုမှာ ကန့် ကွက်မဲများစွာဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ဝေယံမိုးမြင့်


အေးချမ်းမွန်မှ  Popular Myanmar News Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ကာတွန်း:သစ်ထူးလွင်
ရန်ကုန်၊ ဇန်နဝါရီ ၂၁

အခွန်မှရရှိသော ဝင်ငွေသည် အခွန်ထမ်းသူများအား တစ်ဦးချင်း အတွက် ပြန်လည် သုံးစွဲခြင်း မဟုတ်ဘဲ နိုင်ငံတော်ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် ထည့်ဝင် သုံးစွဲခြင်း ဖြစ်သော ကြောင့် အခွန်သုံးစွဲမှုဆိုင်ရာတွင် ရရှိသော အခွန်ပမာဏနှင့် မည်သည့်နေရာတွင် မည်မျှ သုံးစွဲ သည်ကို ပွင့်လင်းမြင်သာ စွာပြသမည်ဆိုပါကအခွန်ထမ်းပြည်သူ များ အခွန် ဆောင်ရန် ပိုမိုစိတ်ဝင်စား လာမည်ဟု ဦးမောင်မောင်လေးက သုံးသပ်ပြောသည်။


''အခွန်ဆိုတာ နိုင်ငံသားတိုင်း ဆောင်ရမယ်။ ဒါပေမဲ့ တရားမျှတတဲ့ အခွန်ဆိုတာတော့ ဖြစ်ရ မယ်၊ အားလုံး က တစ်ပြေးညီဖြစ်ရမယ်။ သူ့မို့အခွန် ကင်းလွတ်ခွင့်ပြုတာမျိုး မဖြစ်ရဘူး''ဟု ဟိုတယ် လုပ်ငန်းရှင် ဦးကျော်ထွန်း က ပြောသည်။ အခွန်ကောက်ခံရာတွင် ၄င်း၏ ပိုင်ဆိုင်မှု ပမာ ဏကို ထုတ်ဖော် ပြသရပြီး ဝင်ငွေပေါ်တွင်ရရှိသောလုပ်ငန်း အမျိုးအစားအလိုက် အခွန် စည်းကြပ် ကောက်ခံရမည်ဖြစ်သောကြောင့်လူတိုင်း၏ ပိုင်ဆိုင်မှု ပမာဏထုတ်ဖော်ပြရန် လိုအပ်ခြင်းဖြစ်ကြောင်း၊ ထိုသို့အခွန် ကောက်ခံ ရာတွင်လည်း မည်သူမျှ ခြွင်းချက်အဖြစ် အခွန်ကင်း လွတ်ခွင့်ပြုရန် မရှိကြောင်း ၄င်းထံမှသိရသည်။

အခွန်ပေးဆောင်မှု မှန်ကန် စေလိုပါက နိုင်ငံတော် သမ္မတမှ စ၍ လူတိုင်း၏ ပိုင်ဆိုင်မှု ပမာဏကို ထုတ်ဖော်ပြသရန် လိုအပ်ကြောင်း လုပ်ငန်းရှင်အချို့ က ပြောသည်။

အမည် မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ''အခွန် ထမ်းခိုင်းတာမှာ တရားမျှ တမှုရှိ လားကို အရင်ကြည့်ရမယ်။ ကုမ္ပဏီ အသေးလေးတွေ ကျတော့ အခွန်ကောက်ပြီး ဘာမို့ ညာမို့ အခွန် ကင်းလွတ်ခွင့်ပြုတယ်ဆိုရင် ဘယ် အခွန်ဆောင်ချင်မလဲ''ဟု ပြော သည်။

အခွန်စည်းကြပ်ရာတွင်လည်း ဥပဒေနှင့် အညီဆောင်ရွက်ရန် လိုအပ်ပြီး လူပုဂ္ဂိုလ်ကြည့်၍ ပြစ်ဒဏ် ချသည့်ဖြစ်ရပ်များသည် အခွန်ထမ်းသူများ ဥပဒေအပေါ် ယုံကြည်မှု နည်းပါးလာမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။

''ဆီခိုးသွင်းတော့ ဒဏ်ငွေပဲ ရိုက်တယ်၊ နယ်စပ်က တရားမဝင် ကားသွင်း လာတော့ ထောင်ချတယ်။ ဒါမျိုးက မဖြစ်သင့်ဘူး။ သူတို့နဲ့ ပလဲနံသင့်သူတွေ ကို ဒီလိုလုပ်တာ ဟာ ရုပ်ဆိုးလွန်းအားကြီးတယ်'' ဟု အထက်ပါပုဂ္ဂိုလ် က ထောက်ပြသည်။

UMFCCI မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေးက နိုင်ငံတော် သမ္မတ မှ အောက်ခြေအထိ အလုပ်ရှိ သူတိုင်းသည် ဝင်ငွေခွန် ထမ်းဆောင်ရ မည် ဖြစ်သောကြောင့် ပိုင်ဆိုင်မှု ပြသရန် လို အပ်ကြောင်း၊ ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် ကြပ်ကြပ်မတ်မတ် ပြုလုပ်ရမည်ဖြစ်ပြီး ဝင်ငွေ ရရှိသူ တိုင်းသည် ဝင်ငွေခွန်ထမ်းဆောင် သူများဖြစ်ရမည်။ ဝင်ငွေထွက်ငွေ ပွင့်လင်းမြင်သာမှု မရှိပါက ပြဿ နာရှိလာနိုင်ကြောင်း ပြောသည်။

ပြည်တွင်း အခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ''အခွန်ကောက်ဖို့ အတွက် ဖြစ်ချင်တာက အကုန်းလုံးနဲ့ သွားချင်တာပေါ့။ ဒါပေမဲ့ နိုင်ငံတော် ဖြတ်သန်း ခဲ့တဲ့ ကာလ လူတွေရဲ့ စိတ်ဓာတ်တွေပေါ် မှာလည်း ရှိတယ်။ တိုင်းပြည်ဟာ စနစ်တစ်ခု လောက်မှာ အကြာကြီး နေခဲ့ ရတယ်။ အဲ့ဒီအတွက် တာဝန်သိသိနဲ့ အခွန်ဆောင်ဖို့ ဆိုတာ တော်တော် လိုပါသေးတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံသည် တိုင်းပြည် ဝင်ငွေကို သယံဇာတ ထုတ်ယူ ရောင်း ချခြင်းဖြင့် ရှာဖွေ ခြင်းကြောင့် အခွန်ကောက်ခံမှုပိုင်းတွင် အားနည်းမှု များ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ တိုင်းပြည် ဝင်ငွေ၏ ၃ ရာခိုင်နှုန်းသာ အခွန်မှ ရရှိသော ဝင်ငွေ ဖြစ်ကြောင်း သယံဇာတ ထုတ်ယူရောင်းချမှု ကို လျှော့ချလိုပါက အခွန်ကောက်ခံမှုကို ကြပ်မတ် ဆောင်ရွက်ရ မည် ဖြစ်ကြောင်း Spectrum Myanmar မှ Program Coordinater ကိုမော်ထွန်းအောင်က ပြောသည်။

အခွန်ပေးဆောင်မှု မှန်ကန် စေရန် ပြည်တွင်းအခွန်များ ဦးစီး ဌာနအနေဖြင့် အခွန်နှင့် ပတ်သက်သော ပညာပေးခြင်းများ စည်းရုံးလှုံ့ဆော်မှုများ ဆောင် ရွက်လျက်ရှိ ကြောင်း ဦးအောင်မိုးကြည်က ပြောသည်။

တိုင်းပြည်ဝင်ငွေကို အခွန်မှ ရှာဖွေရရှိမှု နည်းပါးရခြင်းမှာ GDP တွက်ချက် ရာတွင် အချိုးအစားပမာ ဏပါဝင်မှု အများဆုံးဖြစ်သော လယ်ယာနှင့် သားငါးကဏ္ဍတို့အ ပေါ်မှ အခွန်ပြန်လည်ကောက်ခံရရှိမှု နည်းပါးခြင်း၊ အခွန်ဆိုင်ရာ ကင်း လွတ်ခွင့်၊ သက်သာခွင့်များ များစွာ ခွင့်ပြုထားခြင်း၊ အခွန်ပမာဏ ကြီးမားစွာ ပေးဆောင်ရသော အခွန် ထမ်းများသည် အရိပ်အမျိုး မျိုးခိုကာ အခွန်လျော့နည်းသက် သာအောင် ကြံဆောင်ကြခြင်း စသည့် အချက် များကြောင့် ဖြစ် ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲအပြီး စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွင် NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတော် သမ္မတအပါအဝင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ ပိုင်ဆိုင်မှု ကြေညာပေးရမည့် အဆိုကို တင်သွင်းခဲ့သော်လည်း ယင်းအဆိုမှာ ကန့် ကွက်မဲများစွာဖြင့် ရှုံးနိမ့်ခဲ့ရသည်။


ဝေယံမိုးမြင့်
 

ကာတွန်း:သစ်ထူးလွင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်