Thursday, January 24, 2013

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများက တံတား လုံခြုံရေး ကင်းအား အကြောင်းမဲ့ လက်ပစ် ဗုံးဖြင့် ဝင်ရောက် ပစ်ခတ်

Posted by drmyochit Thursday, January 24, 2013, under | No comments



ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် ဖားကန့်မြို့၊ မရှီကထောင် တံတား လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသော ရဲကင်း စခန်းအား ဆိုင်ကယ် စီးလာသည့် ကေအိုင်အေ ၂ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ် ထွက်ပြေး ခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး နိုင်ငံတော် အတွက် အသက် ပေးလှူ ခဲ့ရသည်။


ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ပြည်သူများ ထိတ်လန့် တုန်လှုပ် စေရုံ သာမက တရားဥပဒေ စိုးမိုးရေး တာဝန်ယူ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များအား အကြောင်းမဲ့ အကြမ်းဖက် လုပ်ရပ် များ ဆောင်ရွက်လျက် ရှိရာ (၃/ ၂၀၁၃) ထုတ်ပြန် ကြေညာ ခဲ့ပြီးသည့် နောက်ပိုင်း ၁၁ ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိပါသည်။

မြဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်