Thursday, January 24, 2013

ဒေါက်တာဆိတ်ဖွား ကို ဖော်ထုတ်ဖို့ လွှတ်တော်မှာ ကော်မရှင် ဖွဲ့စည်းတော့မည်

Posted by drmyochit Thursday, January 24, 2013, under | No comments



ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာ နက် စာမျက်နှာမှာ အဆိုးမြင်ဝေဖန် ရေးသား ဖော်ပြ နေတဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင် နာမည် နဲ့ သုံးစွဲသူကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ လွှတ်တော် ကိုယ်စား လှယ်တွေ ကို အရေးတကြီး ပြင်ဆင်နေကြပါတယ်။


ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်က အတည်ပြု လိုက်တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနှစ်ခုကို အင်တာနက် စာမျက်နှာ ပေါ်မှာ ဥပဒေအထက်မှာ (Above The Law) ဆိုပြီး ဝေဖန်ရေး သားချက် တွေဟာ လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို စော်ကားထားတာ ဖြစ်တဲ့ အတွက် အရေးယူဆောင် ရွက်ပေး ဖို့ မရမ်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ စိုးရင်က တင်သွင်း ခဲ့တာ ဖြစ်ပြီး၊ သူတင်သွင်းတဲ့ အဆိုကို သဘောတူ မတူ လွှတ်တော်မှာ မဲခွဲဆုံးဖြတ် ရာ ထောက်ခံမဲ (၃၄၇) ကန့်ကွက်မဲ (၁၅၇) ၊ ကြားနေမဲ (၄၂) မဲ ရရှိခဲ့ပြီး ထောက်ခံမဲများတဲ့ အတွက် ပြည်ထောင်စု လွှတ်တော်က ကော်မရှင် ဖွဲ့စည်းပြီး၊ စုံစမ်းစစ်ဆေး ကာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူသွားမယ်လို့ ဒီကနေ့ အတည်ပြုခဲ့ပါတယ်။


RFA Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်