Thursday, January 24, 2013

မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်မှုရနေပြီဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

Posted by drmyochit Thursday, January 24, 2013, under | No comments


ပေကျင်း၊ ဇန်န၀ါရီ ၂၃ ။

မြန်မာအစိုးရက နိုင်ငံမြောင်ပိုင်းရှိ ကချင်လွတ်မြောင်ရေး တပ်မတော် ကေအိုအေအား ထိုးစစ် ဆင်တိုက် ခိုက်မှုများ ရပ်ဆိုင်းမည်ဟု ကြေငြာ ပြီးနောက် မြန်မာနှင့် တရုတ်အကြား နယ်စပ် တွင် တည်ငြိမ်မှု ရနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။


အထက်ပါ ပုဂ္ဂိုလ်က ယူနန်ပြည်နယ် အစိုးရသည် နယ်စပ် ဒေသတွင် တရုတ်ပြည်နှင့် ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန် ဥပဒေ စည်း မျဉ်းများ ထုတ်ပြန်ဆောင်ရွက်ပြီး
ဖြစ်ကြောင်း ဆိုသည်။

၎င်းက “တရုတ်ဘက်အခြမ်းဟာ မြန်မာဘက် အခြေအနေကို သတိထား စောင့်ကြည့် နေပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကိုလည်း တရုတ် - မြန်မာ နယ်စပ် တလျှောက်မှာ တည်ငြိမ်မှု ရဖို့ ဖြစ်နိုင်သမျှ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်း ထားပါတယ်” ဟု ပြောကြားသည်။

ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လိုင်က အပစ်အခတ်ရပ်စဲရေးကို သက်ဆိုင်သူအဖွဲ့များအနေဖြင့် နည်းလမ်းရှာဖွေနိုင်မည်ဟုမျှော်လင့်ပြီး ဆွေးနွေးပွဲ များ ပြုလုပ်ခြင်းမှာ မှန်ကန်သော
ဖြေရှင်းချက်ဖြစ်ကြောင်း ဆိုသည်။

မစ္စတာဟောင်၏ ယခုမှတ်ချက်သည် ရန်ကုန်သို့ တရုတ်အစိုးရ အထူးကိုယ်စားလှယ် ဖူယင်း သွားရောက်ကာ မြန်မာသမ္မတ ဥိးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ်နှင့် မြန်မာသည် နှစ်နိုင်ငံနယ်စပ်အရှည် ၂,၂၀၀ ကီလိုမီတာ ထိစပ်နေပြီး နယ်စပ် ဒေသ တလျှောက်တွင် နှစ်နိုင်ငံ ပြည်သူများမှာ နီးကပ်စွာ နေထိုင်နေကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ် ဟောင်က ဆိုသည်။

REF: Peopledaily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်