Thursday, January 24, 2013

လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေမှုတွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့် သုံးစွဲ သွားမည်ဟု နိုင်ငံတော် သမ္မတပြောကြား

Posted by drmyochit Thursday, January 24, 2013, under | No comments


လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက် ခွဲဝေမှု တွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၃ရက်က နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ ဘန်ဆွန်ဒက် ချောင်ဘရာ ရာဂျာ ဘတ်တက္ကသိုလ်( Bansomdejchaopraya Rajabhat University - BSRU)မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား စီမံခန့်ခွဲမှု နည်းပညာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်သည့် အခမ်းအနားတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ''မျိုးဆက်သစ်လူငယ်တွေဟာ နိုင်ငံ့အနာဂတ်အတွက် မျော် လင့်ချက် ဖြစ်ပါတယ်။ပညာရည် မြင့်မားစေဖို့အတွက် နိုင်ငံတကာအကူအညီနဲ့ အတွေ့အကြုံ တွေ ရယူပြီးတော့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျ ဆဲ ဖြစ်ပါတယ်။ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နိုင်ငံ့ စီးပွား ဖွံ့ဖြိုးတိုး တက်ရေး တို့ကို ရည်ရွယ်ပြီး လာမယ့် ဘဏ္ဍာရေးနှစ်ကစပြီး ဘတ်ဂျက် ခွဲဝေမှုမှာ ပညာရေးကဏ္ဍအတွက် အဆများ စွာ တိုးမြှင့်သုံးစွဲဖို့ စီမံ ဆောင်ရွက် ထားပါတယ်''ဟု ပြောကြားခဲ့ပါသည်။      
            
 ''အစိုးရအဖွဲ့အနေဖြင့် အဆင့်မြင့် ပညာရေးနယ်ပယ် ပြုပြင်ပြောင်းလဲရေး၊ အသက်မွေး ၀မ်းကျောင်း ပညာရပ်များအား လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချနိုင်မည့် သင်ကြား ရေး မြှင့်တင်မှု အစီအစဉ်များကို ဆောင်ရွက် လျက်ရှိကြောင်း၊ ကျောင်းသား အခြေပြု သင်ကြား မှု နည်းစနစ်များနှင့် အခြေခံပညာရေးစနစ် ပြုပြင်ပြောင်း လဲရေးကို လည်း ပညာရေး နယ်ပယ်မှ ပါဝင်ပတ်သက်သူများနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက် နေကြောင်း၊ ပညာရေး အဆင့် မြှင့်တင်ရာတွင် ပုဂ္ဂလိက ပါဝင်မှုကို မြှင့်တင်ပေးနိုင်ရန် ပုဂ္ဂလိ က စာသင်ကျောင်းများ ပေါ်ထွန်းလာရေးအတွက် ဥပဒေများကို ပြဌာန်းပေး ခဲ့ကြောင်း နှင့် ကလေးငယ်များ အခြေခံပညာရေးအား သင်ကြားနိုင်ရေး ကြိုးပမ်း လျက်ရှိ ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။     
       
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေမူကြမ်းတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်ကထက် ကျန်းမာရေးကဏ္ဍအတွက် လေးဆနှင့် ပညာရေး ကဏ္ဍအ တွက် နှစ်ဆတိုးမြှင့်ခဲ့ကြောင်း သိရသည်။

From: Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်