Thursday, January 24, 2013

ကျားသေ ကျေးရွာတွင် ထန်းမြစ်ဖော်ရာမှ စစ်ကျန်ဗုံး တစ်လုံး တွေ့ရှိ

Posted by drmyochit Thursday, January 24, 2013, under | No comments


ဟင်္သာတ၊ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင် အင်္ဂပူ မြို့နယ် အင်ပင်ကုန်း ကျေးရွာအုပ်စု ကျားသေ ကျေးရွာ တွင် ဇန်နဝါရီ ၁၆ ရက်၊ ည ၉ နာရီ ၃၀ မိနစ်တွင် ထန်းမြစ်ဖော်ရန် မြေကျင်း တူးရာမှ စစ်ကျန်ဗုံး တစ်လုံး တွေ့ရှိ ကြောင်း ကျေးရွာနေသူများ ထံမှ သိရှိရ သည်။


အဆိုပါ စစ်ကျန်ဗုံးကို အသက် ၇၇နှစ် အရွယ် ဦးထယ်ဖိုး နေထိုင်သည့် အိမ်၏ အနောက်ဖက် ၁၀ ပေ အကွာတွင် ထန်းမြစ်များ တူးဖေါ်ရင်း မြေအနက် ၁၈ လက်မ တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လုံးပတ် ၂၁ လက်မ ၊ အရှည် ၂၂ လက်မ အရွယ်အစား ရှိသော ဗုံးဖြစ်ကြောင်း မဲဇလီကုန်း ရဲစခန်း ထံမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဗုံး ကို နယ်မြေခံ တပ်ရင်း အမှတ် (၅) တပ်မတော် တန်းမြှင့် လေ့ကျင့်ရေး ကျောင်း ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်ညွန့် အပါအဝင် အမှတ် ၁၁၄ လက်နက် ခဲယမ်း ကျွမ်းကျင်ရေး တပ်မှ တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၇ ရက်နေ့ ညနေ ၃နာရီ ကျော် တွင် ရွာ၏ ဟာကလော အင်းကုန်းကွင်း တွင် ဖေါက်ခွဲ ရှင်းလင်း ခဲ့ကြောင်း ဟင်္သာတ ခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံက စုံစမ်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်