Thursday, January 24, 2013

"လက်နက်ကိုင်ပဋိပက္ခစိစစ်လေ့လာရန် ကုလလူသားချင်းစာနာမှု ညှိနှိုင်းရေးမှူး မွန်ပြည်နယ်ရောက် ရှိ"

Posted by drmyochit Thursday, January 24, 2013, under | No comments

မွန်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခ များနှင့် ပတ်သက် ၍ စိစစ်လေ့ လာ ချက်များ သုံးသပ်ရေး ဆွဲတင်ပြ ရန် ကုလသမဂ္ဂလူ သားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေး မှူးနှင့် ကုလ သမဂ္ဂ ဖွံ့ဖြိုးမှု အစီ အစဉ် ဌာနေ ကိုယ်စား လှယ် Mr .Stephen Gray သည် ဇန်နဝါရီ ၁၈ ရက်နံနက် က မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် လာရောက်တွေ့ဆုံကြောင်း သိရ သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဌာနေ ကိုယ်စားလှယ် Mr .Stephen Gray က မွန်ပြည်နယ်အတွင်း ငြိမ်းချမ်း ရေးပျက်ပြားစေနိုင်သည့် အချက် များ၊ အကျိုး သက်ရောက် မှုများ၊ အ ခွင့်အလမ်း များနှင့် အန္တရာယ်ရှိနိုင်မှု အခြေအနေများ၊ မိမိတို့ အဖွဲ့အနေ ဖြင့် လူတစ်ဦးချင်းစီ၏အမြင်၊ အဖွဲ့ အစည်းများ၏ အမြင်များကို မေး မြန်းခြင်း၊ လက်ရှိပါ ဝင်ဆောင်ရွက် နေသောငြိမ်း ချမ်းရေး တည်ဆောက် ရေးလုပ်ငန်း များနှင့် ပတ်သက်၍ မဟာဗျူဟာမြောက် လှုပ်ရှား ဆောင် ရွက်မှုများ၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကြားဝင်

ဆောင်ရွက် မှုများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများကို လေ့ လာစိစစ် မေးမြန်းပြီး စိစစ်လေ့လာ ချက်များကို သုံးသပ်ရေးဆွဲတင်ပြ မည်ဖြစ်ကြောင်း ပြောသည်။ မွန်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် KNU (တပ်မဟာ -၁)နှင့် မွန်ပြည်သစ် ပါတီ တို့ရှိပြီး အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားကြောင်း ထာဝရငြိမ်း ချမ်းရေး ရရှိရေး အတွက် ဆက်လက်ဆောင်ရွက်နေပြီဖြစ်၍ မွန်ပြည်နယ် တွင်ငြိမ်းချမ်းနေပြီဖြစ်ပြီး စစ်ပြေး ဒုက္ခသည်လည်း မရှိပါကြောင်း၊ မွန်ပြည်နယ်အတွက် လိုအပ်သော လမ်း၊ တံတား များ ကောင်းမွန်ရေး၊ လူသားအရင်း အမြစ်ဖွံ့ဖြိုးရေး အတွက် ပညာရေး၊ ကျန်းမာရေးနှင့် ရေကောင်း ရေသန့် ရရှိရေးတို့ကို ကူညီဆောင်ရွက်ပေး မည်ဆိုပါက ကြိုဆိုပါကြောင်း ပြော သည်။



မော်လမြိုင်မြို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးခန်း၌ မွန်ပြည်နယ် အစိုးရအဖွဲ့ဝန် ကြီးချုပ် ဦးအုန်းမြင့်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင်၊ ဗမာ တိုင်းရင်းသား ရေးရာ ဝန်ကြီးဦးသက် ဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်လင်းထွန်း နှင့် နယ်စပ်ဒေသ တိုင်းရင်းသားများဖွံ့ဖြိုးရေး ဦးစီး ဌာနညွှန်ကြားရေးမှူး ဦးခင်မောင် ကြည်တို့နှင့် တွေ့ဆုံ ခဲ့ခြင်းဖြစ် သည်။


ထူးထူး(မော်လမြိုင်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်