Thursday, January 24, 2013

ဖားကန့် ဒေသခံတွေအတွက် ကေအိုင်အေတပ်မှူး အကူအညီတောင်း

Posted by drmyochit Thursday, January 24, 2013, under | No comments



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာရှိတဲ့ ဝှေခါကျေးရွာနဲ့ မှော်ဂဠုန်ကျေးရွာတစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ စားရေးသောက်ရေး အခက်အခဲတွေ ရှိလာတဲ့အတွက် အကူအညီပေးဖို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဦးဇော်ဒွဲ က အစိုးရအဖွဲ့ကို ဇန်န၀ါရီလ ၂၃ ရက်နေ့မှာ မေတ္တာ ရပ်ခံ တောင်းဆို လိုက်ပါတယ်။


ဒေသခံပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲတွေကြား နီးစပ်ရာစစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်ပြီး စားသောက်ရေးပါ အခက်အခဲဖြစ်နေတာကြောင့် လာမယ့်ရက်ပိုင်းတွေအတွင်း အခြေအနေပိုဆိုးဖို့ရှိတယ်လို့ ကေအိုင်အေ တပ်ရင်းမှူး ဗိုလ်မှူးကြီးဇော်ဒွဲ က ပြောပါတယ်။

အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေဟာ ဒီကနေ့မနက်အစောပိုင်းမှာလည်း အဲဒီ့နေ ရာမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် ဒီကနေ့မှာပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံပြည် သူဟာ လူဦးရေ ၂ ထောင်ကျော် ရှိလာပြီလို့ မှော်ဂဠုန်ကျေးရွာက NLD ပါတီဝင် တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

“အပြန်အလှန် ပစ်ခတ်တာ အခု အစိုးရတပ်က တစ်ယောက်တော့ ထမ်းသွား တာတွေ့ တယ်၊ အခု လက်ရှိကတော့ ကျနော်တို့ ရွာကလူတွေက ထိတ်ထိတ်ပြာပြာ ဖြစ်နေကြ တာပဲ၊ ထမင်းတောင် အခုချိန်ထိ ဘယ်သူမှ မချက်စားရဲသေးဘူး”

အဲဒီ့ ဒေသ ကနေ စစ်ဘေး တိမ်းရှောင် လာတဲ့ ဒုက္ခသည် တွေဟာ ဝှေခါနဲ့ မှော်ဂဠုန် ကျေးရွာ တွေမှာ ရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တွေနဲ့ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။

ကချင်ပြည်နယ်မှာ စစ်ဆင်ရေးရပ်စဲဖို့ သမ္မတဦးသိန်းစိန် က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ညွှန်ကြားထားပြီး ကာကွယ်ရေးဦးစီးချုပ်ကလည်း သမ္မတရဲ့အမိန့်နဲ့ ညွှန်ကြား ချက် တွေကို နာခံဆောင်ရွက်နေတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်တာတွေ ရှိပါ တယ်။

ဒါပေမယ့် ကချင်ပြည်နယ်ရဲ့ နေရာအတော်များများမှာ ကေအိုင်အေနဲ့ မြန်မာ အစိုးရ တပ်တွေ ဒီကနေ့ အထိ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်