Thursday, January 24, 2013

ငြိမ်းချမ်းရေးနှင့် ပတ်သတ်ပြီး ဗဟိုကော်မတီဝင်များသဘောထားကွဲလွဲ

Posted by drmyochit Thursday, January 24, 2013, under | No comments


လိုင်ဇာ ဇန်န၀ါရီလ ၂၃
၂၀၁၁ဇွန်လမှစပြီး တာပိန်ရေအားလျှပ်စစ်စက်ရုံမှ စပြီး အစိုးရ တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ရကာ ငြိမ်းချမ်းရေးပျက်ပြားခဲ့ရသည်။ အစိုးရဘက်မှ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး မှုတွေပြု လုပ်တိုင်း ၎င်းတို့ ခေါင်းဆောင်အချင်းချင်း သဘောထားကွဲလွဲမှုတွေက ပိုပိုလာခဲ့ကြကာ ငြိမ်းချမ်းရေး ရယူနိုင်ခြင်းမရှိဘဲ ဆက်လက် တိုက်ပွဲများ ဖြစ်ကာ ယခုချိန် တွင် အစိုးရ တပ်တွေ က လိုင်ဇာမြို့နဲ့ ၅မိုင်ပတ်ဝန်းကျင်ကို ရောက်ရှိနေပြီး ဖြစ်သည်။


ဇန်န၀ါရီလ ၁၉ရက် မနက်၆နာရီမှစပြီး အပစ်ရပ်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လုပ်ဆောင်ရန် အတွက် အစိုးရကမ်းလှမ်းခဲ့ပြီးနောက် အဲဒီနေ့ မနက်၉နာရီတွင် လိုင်ဇာမြို့ ရှိ KIO ဒုဥက္ကဌ ဦးအင်ဘန်လှ ပိုင် ကျင်ရှင်း ဟိုတယ်တွင် KIA/KIO ခေါင်းဆောင်များ၊ ဗဟိုကော် မတီဝင်များ၊ တပ်မဟာ မှူး များနှင့် အရာရှိကြီး များ အစည်းအဝေး လုပ်ခဲ့ကြသည်။ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်မှ ကျန်မာရေး အခြေအနေကြောင့် တက် ရောက်နိုင်ခြင်း မရှိခဲ့ပေ။

အစည်းအဝေးအား “ ၂၁ရာစုပင်လုံညီလာခံ၌ပါဝင်နိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေး လုပ်သင့် မလုပ်သင့်” ခေါင်းစဉ်ဖြင့် အစည်း အဝေး ပြုလုပ်ကာ သဘောထား ခံယူမှု များပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် KIA နှင့် အစိုးရတပ် စတင် ဖြစ်ပွားခဲ့ သည့်ကာလတစ်လျှောက်လုံးအား ယခုချိန်တွင် ပြန်လည်သုံးသပ်၍ မိမိတို့ ခေါင်းဆောင် များ အနေဖြင့် ပြန်လည် စဉ်းစား သုံးသပ်ပြီး အကြံဥာဏ်တောင်းခဲ့ကြောင်းသိရှိရသည်။

ဗဟိုကော် မတီဝင် အများစု မှ နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးရန် အကြံပြုခဲ့ သော်လည်း အစည်းအဝေး တက်ရောက်ခြင်းမရှိသည့် KIO ဒုဥက္ကဌဦးအင်ဘန်လှနှင့် စစ်ဦးချုပ် ဂမ်ရှောင်နှင့် ဒုဦးစီးချုပ် ဂွမ်မော် အပါအ၀င် စစ်ဘက် ခေါင်းဆောင် အချို့မှ နိုင်ငံရေးဆွေးနွေးမှုကို လုံးဝလက်မခံခဲ့ကြကြောင်း သိရှိရသည်။ ဗဟိုကော်မတီ ၀င်များနှင့် ခေါင်းဆောင်အများစု မှာ ၎င်းတို့၃ဦးကို လွန်ဆန်နိုင်ခြင်းမရှိဘဲ ဆက်လက်ဆွေးနွေးမှု ပြုလုပ်ခဲ့ သော်လည်း အစည်းအဝေး ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြောင်းသိရှိရသည်။

အစည်းအဝေးနှင့်ပတ်သတ်ပြီး ခေါင်ဆောင်းတစ်ဦးနှင့်တစ်ဦး မကျေနပ်မှုတွေဖြစ်ပေါ် နေခြင်း ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုသည့် ဗဟိုကော်မတီဝင်များက အစိုးရနှင့် ဆက်သွယ်မှုများမရှိနိုင် စေရန် အစည်း အဝေး ပြီးသည့်အချိန်တွင် ဗဟိုကော်မ တီဝင်များ နှင့် ငြိမ်းချမ်းရေးကို လိုလားသည့် ခေါင်းဆောင်များအား ပြင်ပသို့ ထွက်ခွါခွင့်မပေးဘဲ လုံခြုံရေးအကြောင်းပြ၍ လိုင်ဇာဟိုတယ်တွင် နေထိုင်ခိုင်းခဲ့ကြောင်း သိရှိ ရသည်။

လိုင်ဇာဟိုတယ်ကိုလည်း အစောင့်ထူထပ်စွာ စောင့်ကြပ်နေ ကြောင်း လိုင်ဇာ မြို့ခံတစ် ဦး၏ အဆိုရသိရသည်။ KIAရှိ တပ်မဟာမှူး အချို့က ငြိမ်းချမ်းရေး ကိုစိတ်ဝင်စား သော်လည်း ဂမ်ရှောင် နှင့် ဂွမ်မော်တို့ကို ကြောက်ရွံ့နေကြသောကြောင့် ငြိမ်းချမ်းရေး စကားကို မပြောရဲ ဖြစ်နေကြောင်း သိရှိရသည်။ KIA ခေါင်းဆောင်များအနေဖြင့် ယခုအ တိုင်း ဆက်လက် ဆောင်ရွက်သွားပါက တပ်တွင်း လက်နက်ကိုင် ပုန်ကန်မှုများပင် ဖြစ်လာ နိုင်ကြောင်း KIA အရာရှိတစ်ဦးမှ ပြောကြားသည်။

www.kachindailynews.blogspot.com 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်