Thursday, January 24, 2013

ကချင်စစ်တာရှည်လျှင် ကျောက်စိမ်းဈေးကွက်အသက်ထွက်မည်

Posted by drmyochit Thursday, January 24, 2013, under | No comments



ရန်ကုန်၊ ဇန်နဝါရီ ၂၁

ကချင်ဒေသ ပြည်တွင်းစစ် ပဋိပက္ခသည် ယခုအတိုင်း ဆက်လက် တာရှည်မည် ဆိုပါက ကျောက်စိမ်း ဈေးကွက်မှာ တောင့်ခံနိုင်မည် မဟုတ်ဟု ကျောက်မျက် အသင်း ဥက္ကဋ္ဌ ဦးသိုက်ထွန်းက ပြောသည်။


”လက်ရှိမှာကုမ္ပဏီကြီးတွေက ကုန်ကြမ်းတွေ ရှိနေသေးတယ်။ ဒါကြောင့် နောက်ထပ် တစ်နှစ် လောက်တော့ တင်းခံနိုင်ဦးမယ်” ဟု ၄င်းက ပြောသည်။ထို့အပြင် ဖားကန့်ရှိ   ကျောက်စိမ်း လုပ်ကွက်များတွင် ကျောက် ကားများ၊ မြေသယ်သည့်ကားများ အား နေရာရွှေ့ သည်နှင့်KIA  ဘက်မှ ပစ်မည်ဟု ပြောထား သဖြင့်   ကျောက်လုပ် ကွက်လေ လံဆွဲထား သူများမှာ လေလံအောင် ထားသော်လည်း လုပ်ငန်းများ ရပ်ထားရ ကြောင်း မန်းကျောက်ဝိုင်းမှ ကျောက်စိမ်းကုန်သည် ဦးထူးထူး က ဆိုသည်။ လက်ရှိတွင်   လေလံအောင် ထားသော လုပ်ငန်းရှင်များမှာ လုပ်ငန်းလုပ်ခွင့် မရခြင်းကြောင့် အစိုးရ ဘက်မှ အဆိုပါလေလံလုပ် ကွက်များအား လုပ်ငန်းရပ်နားထား ရသည့် အချိန် ကာလ အစား ပြန် ပေးမည်ဟု ကြားနေရကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်အချို့က ပြောသည်။ လောလော ဆယ် ကျောက် စိမ်းဈေး ကွက်တွင် ကျောက်စိမ်း လက်ေ ကာက် လောက်သာ အ ရောင်းအဝယ် အနည်းငယ်သာ ရှိနေပြီး အဖွင့်ဈေးကွက်ဟုခေါ် သော နားစွဲ၊ လက်စွပ် နှင့် ဆွဲသီး များ အရောင်းအဝယ်အေးနေ ကြောင်း   ကျောက်စိမ်းဈေးကွက်မှ သိရသည်။

မြန်မာ ကျောက်စိမ်းကို တရုတ်မှ အဝယ်များသော်လည်း တရုတ် ကုန်သည်များအနေဖြင့် နှစ်သစ် ကူးရက်နီးလာသောကြောင့် ဌာနေ   ပြန်သူများ၍ ဈေးကွက်ဝယ်လိုအား ကျဆင်းလျက် ရှိသည်။ မြန်မာနိုင်ငံတွင် ကျောက်စိမ်း ကို ဖားကန့်ဒေသ၌ အများဆုံးတူး ဖော်ရရှိပြီး ခန္တီးဒေသမှလည်း ကျောက်စိမ်း အနည်းငယ်ထွက်ရှိ သည်။

From: Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်