Wednesday, June 11, 2014

အရှင်လတ်လတ် ကျောက်ရုပ်ဖြစ်ရတော့မယ့် ကလေးငယ်

Posted by drmyochit Wednesday, June 11, 2014, under | No comments


Brave Millie Barker ဆိုတဲ့ အင်္ဂလန်နိုင်ငံက ကလေး မလေးဟာ အရှင်လတ်လတ် ကျောက်တုံးဖြစ်ရတော့မယ့် အန္တရယ်နဲ့ ရင်ဆိုင်နေရပါတယ်။
fibrodysplasia ossificans progressive လို့ခေါ်တဲ့ အလွန်ရှားပါးတဲ့ မျိုးဗီဇ ရောဂါတစ်မျိုးကို သူဟာ ခံစားနေရတာ ဖြစ်ပါတယ်။

stone man syndrome(လူကျောက်တုံးရောဂါ)လို့လဲ ခေါ်ဆိုတဲ့ ဒီရောဂါဟာ ကြွက်သားတစ်ရှုးတွေနဲ့ အရွတ်ကြောလိုမျိုး အရာတွေကပါ အရိုးတွေအဖြစ် ဖွဲ့စည်းလာပြီး လှုပ်လို့မရတော့တဲ့အထိ ဖြစ်သွားတာပါ။
တိုက်မိတာ၊ ချော်လဲတာ၊ ပွန်းပဲ့ဒဏ်ရာ ရတာတွေအားလုံးဟာ အရိုးတွေကို ပိုမိုကြီးထွားလာစေမှာ ဖြစ်ပါတယ်။

ကလေးမလေးရဲ့အမေ Lorraine Turner က “ကျွန်မပါးစပ်ထဲ ကျွန်မအသက်ကိုထားပြီး သူ့ကိုစောင့်ကြည့်နေရတယ်။ ဖြည်းဖြည်းသက်သာ နေပြီး ဂရုစိုက်ဖို့ သူ့ကို တစ်ခါပြောတိုင်း တစ်ပေါင် သာရမယ်ဆိုရင် ကျွန်မသန်းကြွယ်သူဌေးဖြစ်နေပြီ“ လို့ပြောကြားခဲ့ ပါတယ်။

ထို့အပြင် ၃၄ နှစ်အရွယ် Lorraine က “သူက ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်နေတတ်တဲ့ ကောင်မလေးပါ။ သူကြီးလာတဲ့အခါ သူ့အခြေအနေကို ရှင်းပြရမှာ ကြောက်တယ်“ လို့ ပြောကြားခဲ့ပါတယ်။
ဒီရောဂါခံစားရသူတွေဟာ အသက် ၄၀ ထက်ပိုမနေရပါဘူး။

ကျွမ်းကျင်သူတွေက ကြိုးစားရှာဖွေနေပေမဲ့ ဒီရောဂါကို ကုသနိုင်ခြင်းလည်းမရှိသေးပါဘူး။
ကလေးမလေး Millie ရဲ့ ခြေမတွေဟာ အထဲကို ကုတ်ဝင်သွားရာကနေ ဆရာဝန်တွေဟာ သတိပြုမိခဲ့တာဖြစ်ပြီး သူမရဲ့အခြေအနေက အလွန် ရှားပါးတာကြောင့် ကုသလို့ မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။
Oxford တက္ကသိုလ်က ဒီရောဂါကို ကုသဖို့ လေ့လာမှုတွေပြုလုပ်နေပေမဲ့ အောင်မြင်ဖို့ နှစ်ပေါင်းများစွာလို သေးတယ် လို့ဆိုပါတယ်။

 Credit: ဖိုးသူတော်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်