ရွှေဘိုငလျင်ကြောင့် ပြိုကျသွားသော ရတနာသိင်္ဃတံတားကို ငလျင်လှုပ်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ) |
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံပြည်တွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ပြင်း အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်အင်အားရှိ သပိတ်ကျင်းငလျင်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်လေးများ အကြိမ်အရေအတွက်ရာနှင့် ချီ၍လှုပ်ရှားခဲ့ပါသည်။ ငလျင်ကြီးတို့၏ ထုံးစံအတိုင်း ကမ္ဘာမြေအတွင်းပိုင်းမှ ကျိုးပြတ်သွားသော ကျောက်စိုင်ကျောက်သားများ ဆက်လက်တုန်ခါခြင်းဖြစ်ပြီး လပေါင်းများစွာကြာအောင် နောက်ဆက်တွဲ ငလျင်ငယ်လေးများ လှုပ်ရှားခဲ့သည်။
သပိတ်ကျင်း ငလျင်ပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် မည် သည့်နေရာ၌ ငလျင်လှုပ်ရှားသည် ဖြစ်စေ အဆိုပါငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ဖြစ်သော ကြောင့် အန္တရာယ်မရှိနိုင်ကြောင်း ဘူမိဗေဒနှင့် ငလျင်ပညာရှင်တို့ က ပြောသည်။ သို့သော် ယခု ရက်ပိုင်းအတွင်း အကြိမ်အရေအ တွက်စိပ်လာသည့် ငလျင်လှုပ်ရှား လာခြင်းများနှင့် ပတ်သက်၍ အလွန်အမင်းစိုးရိမ်ရန် မပြောလို သော်လည်း သတိပြုရန် လိုအပ် နေကြောင်း ကျွမ်းကျင်ပညာရှင် တို့က သုံးသပ်ပါသည်။
‘‘မြေအောက်မှာ ဖြစ်နေတာ ကို ပညာရှင်တွေအနေနဲ့ ခန့်မှန်း ရတော်တော်ခက်ပါတယ်။ ဒီရက် ပိုင်းလှုပ်နေတဲ့ ငလျင်လေးတွေက ရှေ့ပြေးငလျင်လား၊ နောက်ဆက် တွဲ ငလျင်လားဆိုတာ ပြောရခက် ပါတယ်။ ခပ်စိပ်စိပ်လှုပ်လာရင် တော့ ငလျင်အန္တရာယ်ကို သတိ ထားဖို့ လိုနေပြီ’’ ဟု တောင်ငူ တက္ကသိုလ်၊ ဘူမိဗေဒဌာနမှ လက်ထောက်ကထိက ဒေါက်တာ စိုးမင်းကပြောသည်။
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ သည် မြေငလျင်အန္တရာယ်အကြီး မားဆုံးနိုင်ငံများစာရင်းတွင် ပါဝင် နေပြီး ပမာဏကြီးမားသည့် အဓိ က မြေငလျင်ကြောကြီး ငါးခုရှိ သည်။ ထို့အပြင် မကြာခဏလှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများ စွလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေ ငလျင်ကော်မတီမှ သတင်းရရှိ သည်။ ၂၀၁၁ ခုနှစ် နောက်ဆုံး အကြိမ်လှုပ်ရှားခဲ့သည့် စစ်ကိုင်း ပြတ်ရွေ့ကြော၊ မြန်မာနိုင်ငံအ နောက်ပိုင်းရှိ ကဘော်မြေငလျင် ကြော၊ ရှမ်းပြည်နယ် မြောက်ပိုင်း နောင် ချိုနှင့် ပြင်ဦးလွင်မြို့အနီးမှ ဖြတ်သွားသော ကျောက်ကြမ်းမြေငလျင်ကြော၊ သံလွင်မြစ်တစ် လျှောက်ဖြတ်သွားသည့် သံလွင် မြေငလျင်ကြောနှင့် ရခိုင်ပြည်နယ် ရှိ ရခိုင်မြေငလျင်ကြောတို့ဖြစ် သည်။
ယင်းတို့အနက် ကျောက် ကြမ်းပြတ်ရွေ့ကြောသည် မြန်မာ့သမိုင်းတွင် အင်အားအပြင်းထန် ဆုံးအဖြစ် ပြင်းအား ရစ်ခ်ျတာ စကေး ၈ ဖြင့် ၁၉၁၂ ခုနှစ်က လှုပ်ခဲ့သည်။ ယင်းပြတ်ရွေ့ကြောသည် နှစ်ပေါင်းတစ်ရာကျော် ငြိမ်သက်နေသောကြောင့် အချိန်မရွေး ပြန်လည်လှုပ်ရှားနိုင်ပြီးသတိပြုစရာပြတ်ရွေ့ကြီး တစ်ခုဖြစ်ကြောင်း ဒေါက်တာစိုးမင်း ကပြောသည်။
မြန်မာနိုင်ငံကို တောင်နှင့် မြောက်သွယ်တန်းနေပြီး ၂၀၁၁ ခုနှစ်က အင်အားပြင်းအဆင့်ဖြင့် လှုပ်ခဲ့သော စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ ကပ္ပလီပင်လယ်ပြင်အထိ ရှိနေသည်။ ရန်ကုန်၊ စစ်ကိုင်း၊ မန္တ လေး၊ ပဲခူးစသော မြို့ကြီးများအနီး မှ စစ်ကိုင်းပြတ်ရွေ့ကြောဖြတ် သန်းသွားသည်။ ၁၉၃၀ပြည့်နှစ် မေလ ၅ ရက်တွင် ပဲခူးမြို့အ နောက်တောင်ဘက် မိုင် ၂၀ ကျော်အကွာတွင် အင်အားရစ်ခ်ျတာ စကေး ၇ ဒသမ ၃ ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ ပဲခူးတွင် လူ ၅၀၀၊ ရန်ကုန်တွင် လူ ၅၀ ခန့်သေဆုံးခဲ့ သည်။ အဆိုပါငလျင်ကြီး လှုပ် သည်မှာ နှစ် ၈၀ ကျော်နေ၍ ပြန် လာမည်ကို ပညာရှင်များစိုးရိမ်နေ ကြသည်။
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့အနီးကို ဗဟိုပြု၍ ဇွန်လ၁ ရက်က လှုပ်သွားသည့် ဒေးဒရဲမြေငလျင်ကြောကလည်း တစ်ဖန်ပြန်လည် လှုပ်ရှားလာသောကြောင့် စောင့်ကြည့်လေ့လာမှုများပြုလုပ်နေကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီအထွေထွေ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။
‘‘မလှုပ်ရှားဘဲ နှစ်ပေါင်းများ စွာ ငြိမ်နေတဲ့ ငလျင်ကြောတွေ လည်းရှိနေသေးတယ်။ ငလျင်တွေရဲ့ သဘာဝအရ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လောက်ပြင်း အားနဲ့ လှုပ်မလဲဆိုတာ ကျွန် တော်တို့ အနေနဲ့ ကြိုတင်ခန့်မှန်း လို့မရနိုင်ဘူး။ သိပံ္ပပညာဘယ် လောက်တိုးတက်၊ တိုးတက် ငလျင်ကို အတိအကျမခန့်မှန်းနိုင် သေးဘူး။ ငလျင်အန္တရာယ်ကို ကြို တင်ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ငလျင်နဲ့ ဆိုင် တဲ့ ဗဟုသုတရှိဖို့နဲ့ ဖြစ်လာခဲ့ရင် စနစ်တကျ ကာကွယ်နိုင်ရေးပါပဲ’’ ဟု ဦးစိုးသူရထွန်းက ပြောကြားသည်။
ဒေးဒရဲ ငလျင်ကြောသည် အင်္ဂလိပ်အစိုးရလက်ထက် ၁၈၉၂ ခုနှစ်က ပြင်းအား ၆ ဒသမ ၅ ဖြင့် အင်အားပြင်းပြင်းလှုပ်ခဲ့ခြင်းကြောင့် အင်အား ပြင်းပြင်းမလှုပ် ရှားခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော်နေပေသည်။ ထိုစဉ်က လည်း တွံတေးမြို့အနီးကို ဗဟို ပြု၍ လှုပ်ခြင်းဖြစ်ပြီး ရွှေတိဂုံ စေတီတော်ထီးတော်ကျသည်အ ထိ ရန်ကုန်မြို့တွင် သက်ရောက် ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအ ရသိရသည်။
ဇွန်လ ၁ ရက်က ဒေးဒရဲ ငလျင်ကြော လှုပ်ရှားမှုသည် လည်း ရန်ကုန်မြို့တွင်ပါ သိသိ သာသာခံစားလိုက်ရသောကြောင့် အဆောက်အအုံနှင့် လူဦးရေ သိပ် သည်းထူထပ်သည့် ရန်ကုန်မြို့အ တွက် ငလျင်အန္တရာယ်ကို အမှုမဲ့၊ အမှတ်မဲ့မနေသင့်ကြောင်း ဘူမိ ဗေဒပညာရှင်ဦးလှသိန်းကအကြံ ပြုသည်။
‘‘ရန်ကုန်မှာ ငလျင်ကြီး မပြောနဲ့။ တော်သင့်ရုံပြင်းအားနဲ့ လှုပ်ရင်တောင် ခပ်လွယ်လွယ် ဆောက်ထားတဲ့ တိုက်တွေနဲ့နှစ်ပေါင်းများစွာ ကြာနေတဲ့ အ ဆောက်အအုံတွေ ခံနိုင်မှာမဟုတ် ဘူး။ အစိုးရပိုင်းကလည်း မုန်တိုင်း တို့၊ ရေဘေးကာကွယ်ရေးတို့သာ လုပ်နေတာ ငလျင်နဲ့ ပတ်သက်လို့ လုပ်တာ ဘာတစ်ခုမှ မတွေ့ရသေးဘူး။ ဖြစ်လာရင် အကြောက်လွန် ပြီး ၀ရုန်းသုန်းကားဖြစ်တာနဲ့ တင် ဒုက္ခရောက်ကုန်မှာ’’ဟု ရန်ကုန် မြို့လှည်းတန်းရှိ ရှစ်လွှာအမြင့် တိုက်ခန်းတစ်ခန်းတွင် နေထိုင်သူ ကိုလွင်ဦးကပြောသည်။
ဘူမိဗေဒပညာရှင် ဦးလှသိန်းက ရန်ကုန်ကဲ့သို့ လူဦးရေ သန်းနှင့်ချီနေထိုင်ကာ လူနေထူထပ်သော နေရာတွင် အင်အားပြင်းငလျင် မဟုတ်သည့်တိုင် အင်အားအသင့် အတင့်ရှိသော ငလျင်လှုပ်ပါက လည်း အောက်ခံဖောင်ဒေးရှင်း မခိုင်သည့် အဆောက်အအုံများ နှင့် တိုက်အို၊ တိုက်ဟောင်းများ အလွယ်တကူပြိုကျနိုင်ကြောင်း ပြောသည်။
အနီးစပ်ဆုံးအနေဖြင့် ရန် ကုန်မြို့ကို ဗဟိုပြု၍ ငလျင်လှုပ် ရှားမှု ၁၉၉၄ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီက ဖြစ်ပွားခဲ့သော်လည်း အင်အားနည်းသောကြောင့် ပျက် စီးဆုံးရှုံးမှုမရှိခဲ့ပေ။ အဆိုပါလှုပ် ရှားမှုများမှာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ သန်လျင်ကုန်းတန်း လှုပ်ရှားခြင်းနှင့် မင်္ဂလာဒုံကုန်းရိုးမြင့်တက်ခြင်းကြောင့် ကြီးမား သည့် လှုပ်ရှားမှုမျိုးမဖြစ်ခဲ့သော် လည်း ရန်ကုန်မြို့အနောက်ဘက် ရှိ ဒေးဒရဲပြတ်ရွေ့ကြောနှင့် အ ရှေ့ဘက်သုံးခွ မြို့လယ်ကို ဖြတ်သွားသည့် စစ်ကိုင်းပြတ်ရွေ့ကြောလှုပ်ရှားခဲ့ပါက စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း ဒေါက်တာစိုးမင်းကပြောသည်။
၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဇွန်လ ၉ ရက်အထိ မြန်မာနိုင်ငံ အတွင်းကို ဗဟိုပြု၍ အင်အား အနည်းငယ်နှင့် အသင့်အတင့်ရှိ သော ငလျင်အကြိမ် ၂၀ ခန့်လှုပ် ခဲ့ပြီး စစ်ကိုင်းပြတ်ရွေ့ကြောဖြတ် သွားသည့် သပိတ်ကျင်းမြို့အနီး တွင် အများဆုံးလှုပ်ခဲ့ကြောင်း မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲ၏ မှတ် တမ်းများအရ သိရသည်။
ဇွန်လ ၉ ရက်ညက မြန်မာ- ထိုင်း-လာအို နယ်စပ်ဆုံရာ ရွှေ တြိဂံပြတ်ရွေ့ကြောသည် ရစ်ခ်ျ တာစကေး ၄ ဒသမ ၅ အဆင့်ဖြင့် လှုပ်ရှားခဲ့ပြန်သည်။ ယင်းငလျင် ကို ၂၀၁၁ ခုနှစ်က ရစ်ခ်ျတာစကေး ၇ အဆင့်ဖြင့် ငလျင်ဒဏ်အပြင်း အထန်ခံစားခဲ့ရဖူးသည့် တာလေ မြို့တွင်ပါ ခံစားခဲ့ရပြီး နောက် တစ်ကြိမ် အင်အားပြင်းထန်စွာ လှုပ်ရှားမည်ကို ဒေသခံများ စိုး ရိမ်နေကြသည်။ တာလေငလျင် လှုပ်ခဲ့စဉ်က ဒေသခံ လူဦးရေ တစ်ရာခန့် သေဆုံးခဲ့ရကာ အ ဆောက်အအုံသုံးရာခန့်ပြိုကျ ပျက်ဆီးခဲ့ရသည်။
ရွှေတြိဂံပြတ်ရွေ့ကြောသည် ပြီးခဲ့သည့် မေလ ၅ ရက်က ထိုင်း နိုင်ငံ ချင်းရိုင်ခရိုင်ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အ ဆင့်ဖြင့် လှုပ်ခတ်ခဲ့သေးသည်။ ရွှေတြိဂံဒေသတွင် ပြတ်ရွေ့ကြော ငယ်လေး များစွာရှိနေပြီး ယခု ကဲ့သို့ အင်အားဖြင့် မကြာခဏ လှုပ်ရှားနေပါက တာချီလိတ် ခရိုင်အပါအ၀င် အနီးပတ်ဝန်းကျင်ဒေသများ ငလျင်ကြီး အန္တရာယ်သတိပြုရန် လိုအပ်နေကြောင်း ဦးစိုးသူရထွန်းကပြောသည်။
‘‘ငလျင်မကြာခဏလှုပ်လာ ပြီဆိုရင် ငလျင်ကြောမှာရှိတဲ့ မြို့ ရွာတွေမှာ ကြိုတင်ကာကွယ်နိုင် ဖို့ အတွက် ဇာတ်တိုက်လေ့ကျင့်မှု တွေလုပ်သင့်ပါတယ်။ အဆောက် အအုံတွေကို ငလျင်ဒဏ်ခံနိုင် အောင် အစီအမံထည့်သွင်းပြီးမှ ဆောက်လုပ်စေသင့်ပါတယ်။ ဖြစ်နိုင်ရင် ငလျင်ကြောမှာရှိတဲ့ မြို့ရွာက ဒေသခံတွေကို ခေတ္တ ရွေ့ပြောင်းပေးရပါမယ်။ သတိဆို တာ ပိုတယ်မရှိပါဘူး။ ကြိုမသိ နိုင်တဲ့ သဘာဝဘေးအတွက် ပြည် သူတွေရဲ့ အသက်အိုးအိမ်ကို ဆိုင် ရာ အစိုးရက တန်ဖိုးထားပြီး ဂရု စိုက်ပေးဖို့ လိုနေပြီလို့ ထင်ပါ တယ်’’ဟု ၂၀၁၁ ခုနှစ် နိုဝင်ဘာလ က သပိတ်ကျင်းငလျင် ဒဏ်ခံခဲ့ရ ဖူးသည့် ရွှေဘိုမြို့နယ်မှ အငြိမ်း စား ကျောင်းဆရာ ဦးစံလှိုင်က ပြောသည်။
ထို့အပြင် ငလျင်ဗဟိုချက်က ပြည်တွင်းတွင် ဗဟိုမပြုသော် လည်း မြန်မာ-ထိုင်းနှင့် မြန်မာ- တရုတ်နယ်စပ် များတွင် အင်အား အသင့်အတင့်ရှိ ငလျင် သုံးကြိမ် လှုပ်ခဲ့ပြီး ထိုင်းနှင့် တရုတ်နိုင်ငံ တို့တွင် လူနေအိမ် အဆောက်အအုံပျက်စီးဆုံးရှုံးမှုနှင့် သေဆုံး ဒဏ်ရာရမှုအချို့ရှိခဲ့သည်။ ယခု လအတွင်း ပြည်တွင်းတွင် လှုပ်ခဲ့သည့် ငလျင်နှစ်ကြိမ်မှာလည်း အဆောက်အအုံနှင့် လူနေထူထပ် သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်ကို ဗဟိုပြုလှုပ်ရှားခဲ့ ခြင်းဖြစ်သည်။
ထို့ကြောင့် ကြိုတင်ခန့်မှန်းနိုင်ခြေမရှိသေးသည့် ငလျင်အန္တရာယ်သည် တည်နေရာကို မသိနိုင်သည့်အပြင် မည်သည့်အချိန်တွင် အင်အားမည်မျှဖြင့် လှုပ်ရှားမည်ကို ပညာရှင်တစ်ဦးတစ်ယောက်ကမျှ ခန့်မှန်းသတိပေးနိုင်ခြင်းမရှိသေးပေ။
ရာသီဥတုဆိုင်ရာ သတင်း များကို ထုတ်ပြန်သတိပေးနေသူ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က မည်သည့် သဘာဝဘေးအန္တရာယ်ဖြစ်စေ စနစ်တကျကြိုတင် ကာကွယ်နိုင်ခြင်းသည် သာ သဘာဝဘေးကို အကောင်း ဆုံးတုံ့ပြန်မှုဖြစ်ကြောင်း သတိပေးပါသည်။
လူဦးရေထူထပ်သော မြို့ကြီးများအနီးတွင် အင်အားပြင်းငလျင် ကြီးများ မလှုပ်ခြင်းက မြန်မာနိုင်ငံ ကံကောင်းဆဲဖြစ်သည်။ အကယ် ၍ ကံမကောင်းနိုင်တော့ဘဲ ငလျင် ကြီးများ လှုပ်လာလျှင် သေဆုံး ဒဏ်ရာရမှု၊ ထိခိုက်ပျက်စီးမှု နည်းအောင် ကြိုတင်ကာကွယ်ရန်မှာ အစိုးရနှင့် ပြည်သူအားလုံး၏ တာဝန်ဖြစ်သည်။ ဟေတီ၊ ဂျပန်ဖူကူရှီးမား ငလျင်၊ တရုတ်စီချွမ် ငလျင်များမှ သင်ခန်းစာယူရန် လိုပါသည်။။
တာလေငလျင်ကြောင့် တာလေမြို့အနီး ကားလမ်းတစ်နေရာ၌ အက်ကွဲသွားသည်ကို တွေ့ရစဉ်
(ဓာတ်ပုံ − Worldvision)
|
7 Day Daily
0 comments:
Post a Comment