Wednesday, June 11, 2014

Apple Retina နှင့် ယှဉ်ပြိုင်မည့် display များကို Asus နှင့် Sharp မိတ်ဆက်ပြသမည်


Asus ကုမ္ပဏီသည် Apple ၏ Retina ယှဉ်ပြိုင်မည့် 4K display ပါဝင်သော laptop တစ်မျိုးကို ယခုနှစ် ကုန်ပိုင်းတွင် မိတ်ဆက်ပြသရန် စီစဉ်ထားပြီး Sharp ကုမ္ပဏီကလည်း 8K display ရှေ့ပြေးပုံစံကို ပြသ ခဲ့ကြောင်း သိရသည်။

Asus Zenbook NX500 တွင် ပါဝင်သည့် ၁၅.၆ လက်မ 3840 x 2160 IPS (in-plane switching) display သည် Quantum Dots ဟုခေါ်သည့် နည်းပညာသစ်ကို အသုံးပြုမည် ဖြစ်ကြောင်း DisplayMate Technologies မှ ဥက္ကဋ္ဌဖြစ်သူ ရေမွန်ဆိုနီရာက ပြောကြားခဲ့သည်။

အဆိုပါ display သည် 2880 x 1800 resolution display ပါဝင်သည့် Apple ၏ ၁၅.၄ လက်မ MacBook Pro နှင့် ယှဉ်ပြိုင်နိုင်မည်ဟု ဆိုသည်။

NX500 တွင် Intel-Nvidia platform ကို အသုံးပြုထားပြီး ၎င်းတွင် Core i7 quad-core ပရိုဆက်ဆာနှင့် Nvidia GeForce GTX 850M graphics card တို့ ပါဝင်သည်။ Asus NX500 ကို ယခုနှစ်ကုန်ပိုင်းတွင် ဖြန့်ချိဖွယ်ရှိသည်။

Sharp က မိတ်ဆက်ပြသခဲ့သည့် ရှေ့ပြေးပုံစံ 8K display သည် ၁၃.၃ လက်မ အရွယ်အစားရှိပြီး ၎င်းကို OLED နည်းပညာကို အခြေခံကာ Sharp နှင့် Semiconductor Energy Laboratory တို့ကာ ပူးပေါင်းထုတ်လုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ 8K display သည် 7680 x 4320 pixel resolution ဖြင့် ဖော်ပြပေးနိုင်ပြီး pixel သိပ်သည်းဆမှာ 664ppi ဖြစ်သည်။ ၁၅.၄ လက်မ MacBook Pro ၏ pixel သိပ်သည်းဆမှာ 220ppi သာရှိသည်။

Ref: CNET
Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်