Wednesday, June 11, 2014

မြန်မာ့ရုပ်ရှင်လုပ်ငန်း ၀င်းအတွင်း စွဲနေသော တောကြီးပျားအုံကို မီးသတ်တပ်ဖွဲ့ဖယ်ရှား

Posted by drmyochit Wednesday, June 11, 2014, under | No comments

ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်းဝင်းအတွင်း အဆောက်အအုံတွင် စွဲနေသော တောကြီးပျားအုံကို မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားနေစဉ် (ဓာတ်ပုံ − ကိုဇေ)
ဗဟန်းမြို့နယ် ရွှေ တောင်ကြားရပ်ကွက်၊ မြန်မာ့ရုပ် ရှင်လုပ်ငန်းဝင်းအတွင်းရှိ အ ဆောက်အအုံတစ်ခုတွင် အုံဖွဲ့နေ သော သုံးပေပတ်လည် အရွယ် ရှိသည့် တောကြီးပျားအုံကို မြို့ နယ်မီး သတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၃ ဦးဖြင့် သွားရောက်ရှင်းလင်းခဲ့ ရသည်။

‘‘ရုပ်ရှင်လုပ်ငန်းဝင်းထဲက လူတွေက အကြောင်းကြားလို့ ပိုး သတ်ဆေးနဲ့ သွားရှင်းတာ။ အ ကောင်ရေ ထောင်နဲ့ချီပြီး ရှိမယ် ထင်တယ်။ ပိုးသတ်ဆေးနဲ့ ဖျန်းလိုက်တော့ သေတဲ့အကောင်တွေလည်းသေ၊ ပျံပြေးတဲ့ အကောင်တွေလည်း ပြေးပေါ့။ ရတဲ့အုံကိုတော့ လူကြီးတွေပြဖို့ တိုင်းရုံးကို ပို့ထားတယ်’’ဟု တောကြီးပျား အုံရှင်းလင်းရာတွင် ဦးဆောင်ခဲ့သည့် ဗဟန်းမြို့နယ် မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူးအဆင့်ရှိ မီးသတ်အရာရှိတစ်ဦးကပြောသည်။

အရွယ်ရောက်ပြီး အကောင် ကြီးနှင့် သားလောင်းများ ထောင် နှင့်ချီ၍ ရှိနေသည့် တောကြီးပျား အုံသည် မြန်မာ့ရုပ်ရှင်လုပ်ငန်းဝင်းအတွင်း ရိုက်ကူးရေးပစ္စည်းများ ထားသော စတိုခန်းအပြင်ဘက် တွင် တပ်ဆင်ထားသည့် အဲကွန်း နှင့် တိုက်နံရံကြားတွင် အုံဖွဲ့နေ ခြင်းဖြစ်သည်။ အကောင်ကြီးများ နေ့စဉ် ပျံသန်းနေသောကြောင့် ၀င်းအတွင်း နေထိုင်သူများက မီး သတ်တပ်ဖွဲ့သို့ အကြောင်းကြား ခဲ့ပြီး မီးသတ်အရာရှိ သုံးဦးနှင့် တပ်ဖွဲ့ဝင် ဆယ်ဦးတို့က လာရောက်ရှင်းလင်းပေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

‘‘ဆေးဖျန်းလိုက်တော့ အ ကောင်ကြီးတွေက ပျံပြေးတယ်။ ဘေးပတ်ဝန်းကျင်က လူတွေကို ခပ်ဝေးဝေးမှာ နေခိုင်းရတယ်။ ဆေးဖျန်းထားတာတောင် ရာနဲ့ ချီတဲ့ သားလောင်းတွေက မသေး သေးဘဲ လှုပ်နေတုန်း’’ဟု ဗဟန်း မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။

တောကြီးပျားအုံကို မီးသတ် တပ်ဖွဲ့ ရှင်းလင်းခဲ့ရသည့်ဖြစ် စဉ်ကို အသေးစိတ်ပြောပြရန်မူ အဆိုပါခြံဝင်းအတွင်းရှိ တာဝန် ရှိသူများက ငြင်းဆိုသည်။ ယခု တောကြီးပျားအုံအပါအ၀င် ရန် ကုန်မြို့တွင် ယခုနှစ်အတွင်း တောကြီးပျားနှင့် ပျားတူအုံလေးအုံ ရှင်းလင်းခဲ့ရပြီးဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ သတင်းရရှိသည်။

ပြီးခဲ့သည့်နှစ်က ပျားတူနှင့် ပျားကြီးကောင် တုပ်သောကြောင့် ရန်ကုန်မြို့တွင် လေဖြတ်ဝေဒနာရှင်တစ်ဦး သေဆုံးကာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသား သုံးဦးဆေးရုံတွင် တက်ရောက်ကုသခဲ့ရသည်။

တောကြီးပျားနှင့် ပျားတူကဲ့သို့ သော အင်းဆက်ပိုးများသည် တိုက်ကြို၊ တိုက်ကြားများ၊ သစ် ပင်အခေါင်းများနှင့် အမှိုက်ပုံများ တွင် အိမ်ဖွဲ့နေထိုင်ပေါက်ဖွား လေ့ရှိပြီး အကိုက်ခံရပါက အဖု  အပိမ့်များထွက်၍ ယားယံကာ ပရုတ်ဆီနှင့် မလူးမိစေရန် လိုအပ် ကြောင်း၊ ပရုတ်နှင့် ထိတွေ့မှသာ အဆိပ်အတောက်ဖြစ်၍ ကိုယ် ခန္ဓာတွင် အဆိပ်ပြန့်ပွားသွားပါက အသက်သေဆုံးသည်အထိ အန္တ ရာယ်ကြီးကြောင်း၊ သုတ်သင် ရှင်းလင်းရေးလုပ်ငန်းများ လုပ် ဆောင်ရာတွင် သက်ဆိုင်ရာတာ ၀န်ရှိသူများနှင့် တိုင်ပင်၍ အခြား နေရာများသို့ ပျံ့နှံ့မသွားစေရန် ၎င်းတို့နေထိုင်ကျက်စားရာနေရာ တစ်ဝိုက်ကို ပိုးသတ်ဆေးဖျန်းရှင်းလင်းသင့်ကြောင်း ကျောက်ဆည်ခရိုင်တိမွေးကုဦးစီးအရာရှိ ဒေါက်တာ သိဏ်းနိုင်က အကြံပြုသည်။

7 Day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်