Wednesday, July 23, 2014

မြန်မာပြည်ဖွားဘောလိဝုဒ် မင်းသမီး လိုင်လာခမ်း တိုက်ဆိုင်မှုရှိလျှင် ရိုက်ကူးအပြီး အိန္ဒိယ၌ လုပ်ကြံခံရ

Posted by drmyochit Wednesday, July 23, 2014, under | No comments

တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် ခဲ့သည့် အိန္ဒိယနိုင်ငံမှ ဘောလိဝုဒ် မင်း သမီး လိုင်လာခမ်းသည်၎င်း၏မိသားစုများနှင့် အတူ ၂ဝ၁၁ခုနှစ်တွင်မွမ်ဘိုင်းမြို့အနီး၌ သေနတ်ဖြင့် ပစ်သတ်ခံ ရသည်ဟု www.alibaba.comတွင် ပထွေးဖြစ်သူက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
လိုင်လာခမ်းနှင့် မိသားစုများသည် ၂ဝ၁၁ခုနှစ် ဖေဖော်ဝါရီ ၇ရက်မှ စတင်ပြီး ၎င်းတို့နေထိုင်ရာ တိုက်ခန်းမှ ပျောက်ဆုံးခဲ့ပြီး ၎င်းတို့ကို ပထွေးဖြစ်သူ ပါဗက်ဇ်တက်ခ် က နာရှစ်ခ်ခရိုင် လယ်တဲဆီသို့ ခေါ်ဆောင် သွားခဲ့သည်ဟု မွမ်ဘိုင်းရဲတပ်ဖွဲ့က လိုင်လာ၏ ဆဲလ်ဖုန်း မှတ်တမ်းမှ တစ်ဆင့် နောက်ဆုံး ခြေရာခံမိပြီး ယင်းလယ်တဲ ကိုလည်း မီးရှို့ခြင်း ခံရသည်ဟု ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကို လိုင်လာ၏ ဖခင်နာဒီပါတဲလ်က မါမ်ဘိုင်းရဲတပ်ဖွဲ့ကို အမှုဖွင့် တိုင်ကြားခဲ့ ခြင်းဖြစ်သည်။ ယင်းအပြင် ကက်ရှ် ဒေသရှိ ပါပက်ဇ်ပိုင် စတိုးဆိုင်တွင် လိုင်လာ၏ SUVကားကို တွေ့ရှိပြီး နောက်တွင် ပါပက်ဇ်ကို ဂျစ်မူးနှင့် ကက်ရှ်မီးယား ရဲတပ်ဖွဲ့က ဇွန်၂၁ရက်တွင် ဖမ်းဆီးခဲ့သည်။ ပါဇ်သည် လိုင်လာ၏ မိခင်ဖြစ်သူ၏ တတိယမြောက် ခင်ပွန်းဖြစ်ပြီး ပေါင်းသင်း နေထိုင်နေသူတစ်ဦးဖြစ်သည်။

ယင်းဖြစ်စဉ်တွင် လိုင်လာ၏ ချစ်သူနှင့်အတူ အမျိုးသား သုံးဦးကိုလည်း ပစ်သတ်ခဲ့သည်ဟု လိုင်လာနှင့် ၎င်း၏ ဆွေမျိုးများ ပျောက်ဆုံးပြီး ၁၁လအကြာ တွင် ပါပက်ဇ်က ဂျမ်မူရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ လိုင်လာကို ပစ်သတ်ရခြင်းသည် လိုင်လာနှင့် မိခင်ဖြစ်သူတို့ ပိုင်ဆိုင်သည့် တိုက်ခန်းများနှင့် ပစ္စည်း ဥစ္စာများကို ရယူလိုခြင်းကြောင့်ဖြစ်သည်။

လိုင်လာခမ်းသည် ၂ဝဝ၈ခုနှစ်က ထုတ်လွှင့်ခဲ့သည့် Wafa ရုပ်ရှင် ဇာတ်ကားတွင် မင်းသားဂျက်ရှ်ခမ်နာနှင့် အတူ တွဲဖက် သရုပ်ဆောင် ထားသည်။ ရုပ်ရှင် ထုတ်လုပ်သူ ရာက်ရှ်ဆာဝပ်နှင့် အကြမ်းဖက် သမားများ ချိတ်ဆက်မှု ရှိမရှိနှင့် ၎င်း၏ ငွေကြေးသုံးစွဲ ခြင်းကိုလည်း မဟာရက်ရှ်ထရာ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ၏ မေးမြန်းမှုကို ခံခဲ့ရသည်။

Mizzima News Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်