မလေးရှားလေယာဉ် MH 17 ပျက်ကျမှုအတွင်း သေဆုံးသွားသူတွေရဲ့ အလောင်းကို ဟော်လန်နိုင်ငံကို ပို့ဆောင်ဖို့ သြစတြေးလျနဲ့ ဒတ်ခ်ျ အဖွဲ့တွေက ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။
လူသေ အလောင်းတွေ ဟာလည်း ထင်ထားသလောက် မများဘူးလို့ သိရပါတယ်။ သူပုန် တပ်ဖွဲ့တွေက ပြောဆိုထားတဲ့ အလောင်း ပေါင်း ၁၀၀ လောက် ထက် လျော့ နည်း နေတာ တွေကို တွေ့ခဲ့ ရတာ ဖြစ် ပါတယ်။
အဲဒီ အလောင်း တွေဟာ လေယာဉ် ပျက်ကျတဲ့ နေရာကနေ Kharkiv မြို့ကို ရောက်ရှိ သွားပြီး ကနဦး စစ်ဆေးမှုတွေ လုပ်ခဲ့ကြ ပါတယ်။ အဲဒီမှာ ပြင်ဆင်မှုတွေ လုပ်ပြီးရင်တော့ ဟော်လန်နိုင်ငံ Eindhoven မြို့ကို ပို့ဆောင်ပြီး အဲဒီမှာ သေချာ စစ်ဆေးမှုတွေ လုပ်မှာ ဖြစ်ပါတယ်။
လေယာဉ်ပျံသန်းမှုမှတ်တမ်းဖြစ်တဲ့ Black Box ကိုလည်း စစ်ဆေးရေးတွေလုပ်ဖို့ ဗြိတိန်နိုင်ငံကို ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။
သူပုန်တပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် လေယာဉ်ပျက်ကျရတာဖြစ်ပြီး သူပုန်တွေကို ရုရှားက ထောက်ပံ့ထားတဲ့အတွက် ရုရှားကိုပါ ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ ဥရောသမဂ္ဂက စီစဉ်နေကြတဲ့အကြောင်း အေဘီစီသတင်းထောက် Philip Williams က Kharkiv မြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။
ABC Radio Australia
0 comments:
Post a Comment