ဒါကတော့ နာမည်ကြီး All of Me ဆိုတဲ့ သီချင်းပါ။ John Legend ရဲ့ ၂ဝ၁၃ ခုနှစ်က အမေရိကားမှာ ထွက်ခဲ့တဲ့ Love in the Future အမည်ရ တေးစီးရီးထဲက R&B သီချင်းကောင်းတပုဒ်ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မေလ ၁၆ ရက်နေ့က Billboard Hot 100 စာရင်းဝင်ဖြစ်လာခဲ့ပြီး ဗြိတိန်နဲ့ နယူးဇီလန်တို့မှာ နံပတ် ၂ နေရာရှိပြီး သြစတြေးလျ၊ ကနေဒါ၊ အိုင်ယာလန်၊ ပေါ်တူဂီ၊ ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်တို့ မှာ နံပတ် ၁ အဆင့်ချိန်တဲ့ သီချင်းကောင်းတပုဒ်ပါ။
All of Me သီချင်းကို အခု သီဆိုထားသူကတော့ Luciana Zogbi ဆိုတဲ့ မိန်းကလေးပါ။ သူ့ရဲ့ ယူကျုကနေ ဒီသီချင်းကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က တင်ခဲ့တာမှာ အခုဆို ကြည့်ရှုကြိမ်ရေပေါင်း ၈ သန်းနီး ပါး ရှိနေပါပြီ။ သူ့ရဲ့ ဒီသီချင်းလေးဟာ အွန်လိုင်းမှာတော့ လူကြိုက်များနေပါတယ်။
မြန်မာနိုင်ငံက ပရိသတ်တွေကတော့ ယူကျုကို ကောင်းကောင်း ကြည့်လို့မရတာကြောင့် သူ့ရဲ့ သီချင်း ဆိုထားတာအပေါ် အပြည့်အဝ ခံစားလို့ရမယ် တော့ မထင်ပါဘူး။
အင်တာနက် ကော်နက်ရှင် ကောင်းရင်တော့ ဒီသီချင်းကို အပြည့်အဝ ခံစားနားဆင်လို့ ရနိုင်ပါလိမ့်မယ်။
အိမ့်သံစဉ်
ဧရာဝတီ
Time in Rangoon


0 comments:
Post a Comment