Wednesday, July 23, 2014

ဦးဆန်းဆင့်အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် ထပ်မံတရားစွဲ

Posted by drmyochit Wednesday, July 23, 2014, under | No comments

အလွဲသုံးစားပြုမှုဖြင့် တရားစွဲဆိုခြင်းခံထားရသော သာ သနာရေးဝန်ကြီးဟောင်း ဦးဆန်း ဆင့်အား နိုင်ငံတော်ကို အကြည် ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် ထပ်မံတရားစွဲဆိုလိုက်ကြောင်း သတင်းရရှိသည်။

ဦးဆန်းဆင့်အား ဖမ်းဆီးပြီး တစ်လကျော်အကြာ ဇူလိုင် ၂၂ ရက်တွင် နေပြည်တော်၊ ဒက္ခိဏ ခရိုင်တရားရုံးတွင် လေးကြိမ် မြောက် ရုံးထုတ်စစ်ဆေးသော အခါ ပုဒ်မ ၁၂၄ (က)ကိုပါထပ် တိုး တရားစွဲဆိုလိုက်ခြင်းဖြစ် ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။

မူလက စွဲဆိုထားသော ပုဒ်မ ၄၀၉ အပြင် ၁၂၄ (က) ဖြင့်ပါ ထပ်မံစွဲဆိုလိုက်ပြီး ပုဒ်မ ၄၀၉ ဖြင့် ပူးတွဲစွဲဆိုထားသော ပုဒ်မ ၁၀၉ ကိုဖျက်သိမ်းပေးလိုက် သည်။ လေးကြိမ်မြောက် ရုံးထုတ် ချိန်တွင် ဦးဆန်းဆင့်၏ မိသား စု ၀င်လေးဦးနှင့် တွေ့ဆုံခွင့်ပေးခဲ့ သော်လည်း လာရောက်သတင်း ယူသူ သတင်းထောက်များကို တရားရုံးဝင်းအတွင်းသို့ ၀င်ရောက် သတင်းယူခွင့်မပြုခဲ့ပေ။

မိသားစုဝင်များ အနေဖြင့် တရားရုံးထုတ်သည့် လေးကြိမ် တွင် ယခုတစ်ကြိမ်တွင်သာ ပထ မဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်ကာ ထောင်ဝင်စာ နှစ်ကြိမ် သွားရောက်တွေ့ဆုံရာတွင် တစ်ကြိမ်သာတွေ့ဆုံခွင့်ရရှိခဲ့သည်။ မိသားစုဝင်များအနေဖြင့် အေးဆေးစွာအနှောင့်အယှက်မရှိနေထိုင်ရ ကြောင်း တရားရုံးအတွင်းသို့ လိုက်ပါသွားခြင်းမရှိသည့်မိသားစုဝင် တစ်ဦးကပြောသည်။

‘‘အာဏာရှင် သမိုင်းတစ် လျှောက် ၂၀၁၀ အထိ အဲဒီကာလ တွေမှာ နိုင်ငံရေးအရ ထင်ရှား လာမယ်ဆိုရင် တစ်ခုခုလုပ်တော့ တာပဲ။ တစ်ခုမဟုတ် တစ်ခုနဲ့ တော့ အပြစ်ပေးဖို့လုပ်တယ်။ အခုလည်း ဒီလိုပုံစံမျိုးလုပ်တာပဲ။ ဒါက လူထုနဲ့နီးကပ်တဲ့ အပြုမှု သဘောထားတဲ့သူတွေကို မကြိုက်တဲ့သဘောပဲ’’ ဟု မြန်မာ နိုင်ငံ ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီး မြင့်က သုံးသပ်ပြောကြားသည်။

ထို့အပြင် ယခုကဲ့သို့သတင်း ထောက်များအား ၀င်ရောက် သတင်းရယူခွင့် မပြုခြင်းသည် နိုင်ငံတော် အနေဖြင့်  ပွင့်လင်း မြင်သာမှုမရှိသေးသည့် ပြယုဂ် တစ်ခုဖြစ်သည့်အပြင် အမိန့်အာ ဏာများ လွှမ်းနေသည့် သဘော သက်ရောက်ကြောင်း ဦးကြီးမြင့် ကပင်ပြောသည်။

ဦးဆန်းဆင့်ကို မူလကရုံး ထုတ်ခဲ့သည့် မြို့နယ်တရားရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ် ဆေးခဲ့ခြင်းဖြစ်ကာ ဇူလိုင် ၁၇ ရက်တွင် ရုံးထုတ်ရမည့်အစား ဇူလိုင် ၈ ရက်တွင် ပြောင်းလဲရုံးထုတ်ခဲ့ပြီး ၎င်း၏ ကိုယ်ရေးအရာရှိကို လွှတ် ပေးခဲ့သည်။

ထပ်မံ၍ အသစ်စွဲဆိုလိုက် သော ပုဒ်မ ၁၂၄ (က) အရ နိုင်ငံ တော်ကို အကြည်ညိုပျက်စေရန် အတွက် လှုံ့ဆော်လျှင် (သို့မဟုတ်) လှုံ့ဆော်ရန် အားထုတ်လျှင် ထိုသူကိုငွေ ဒဏ်နှင့်တကွ တစ်သက်တစ် ကျွန်းဖြစ်စေ၊ ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းအောက်လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေချမှတ်နိုင် ကြောင်း အဆိုပါပုဒ်မတွင် ဖော် ပြထားသည်။

စွဲဆိုထားသော အမှုနှင့်ပတ် သက်၍ နောင်လာမည့်ရုံးချိန်းများ တွင် ဦးဆန်းဆင့်တာဝန်ထမ်း ဆောင်ခဲ့ရာ ၀န်ကြီးဌာနမှ ပုဂ္ဂိုလ် အချို့သည် အစိုးရသက်သေအ ဖြစ်ထွက်ဆိုရမည်ဖြစ်ကြောင်း လည်း သတင်းရရှိသည်။

ဦးဆန်းဆင့်ကို ဖမ်းဆီး သွားပြီးနောက် တာဝန်ရှိပုဂ္ဂိုလ်အ ချို့ နေအိမ်သို့သွားရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သောအသိုင်းအ၀ိုင်း မှ သတင်းရရှိသည်။

သာသနာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလ တွင် ပြုလုပ်သောသတင်းစာရှင်း လင်းပွဲတစ်ခု၌ ဦးဆန်းဆင့်ကမိမိစစ်ရာထူးချုပ် တာဝန်ထမ်း ဆောင်စဉ်တွင် ရရှိသော တိုင် ကြားစာများ၊ အထောက်အထား များမိမိထံတွင် ရှိနေကာ အချိန်မ ရွေးထုတ်ဖော်၍ ရသော်လည်းထိုကဲ့သို့ လုပ်ဆောင်မည်မဟုတ် ကြောင်း ပြောကြားခဲ့ဖူးသည်။

7 Day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်