Wednesday, July 23, 2014

မောင်တောတွင် လူဦးရေစစ်ဆေးရေးလုပ်ငန်း ပူးပေါင်းပါဝင်ရန် ဘင်္ဂါလီအချို့ငြင်းဆန်

Posted by drmyochit Wednesday, July 23, 2014, under | No comments

ရခိုင်ပြည်နယ်၊ မောင် တောမြို့နယ်အတွင်း ဒေသဆိုင် ရာတာဝန်ရှိသူများလုပ်ဆောင် နေသည့် လူဦးရေစစ်ဆေးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ရန် ဘင်္ဂါလီအချို့က ငြင်းဆန် လျက်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ ၀င်များက ပြောသည်။

 နယ်ခြားစောင့်ရဲတပ်ဖွဲ့ အပါအ၀င် ပြည်နယ်တာဝန်ရှိသူ များကောက်ခံလျက်ရှိသည့် လူဦး ရေစစ်ဆေးရေးလုပ်ငန်းတွင် ဖြေ ဆိုရန် ငြင်းဆန်ခြင်း၊ အထောက် အထားပြရန် ပျက်ကွက်ခြင်းစ သည့်တို့ကို ပြုလုပ်လျက်ရှိ ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ကပြောသည်။

 ‘‘စစ်ဆေးတဲ့ သဘောမျိုး သွားလုပ်လိုက်တာနဲ့ ပြဿနာရှာ တာဘဲ’’ဟု နယ်ခြားစောင့်ရဲတပ် ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

 လူဦးရေစစ်ဆေးခြင်း၊ ကျေးရွာမြေပုံများ ရေးဆွဲခြင်း၊ တရားမ၀င်ဆောက်လုပ်သည့် အိမ်ခြေများအား စိစစ်တားမြစ် ခြင်းများကို မြန်မာအာဏာပိုင် များဘက်က ပုံမှန်လုပ်ကိုင်လေ့ရှိ ပြီး တစ်ခါတစ်ရံတွင် ဘင်္ဂါလီများ ၏ ရန်ပြုတိုက်ခိုက်မှုကိုပင် ကြုံ တွေ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ ၀င်များကပြောသည်။

‘‘ပြီးခဲ့တဲ့အခေါက်က ရန်ပြု လို့ ၁၀ ယောက်လောက်ဖမ်းပြီး တရားစွဲတာရှိတယ်’’ဟု နယ်ခြား စောင့်ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာ ရှိတစ်ဦးကပြောသည်။

လူဦးရေစစ်ဆေးခြင်းကို ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက စတင်လုပ်ဆောင်နေပြီး ရာသီဥတု အခြေအနေကြောင့်လည်း အခက်အခဲအချို့ ကြုံတွေ့ နေရကြောင်း သတင်းရရှိသည်။

7 Day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်