Wednesday, July 23, 2014

ခိုးယူထားသည့် ဝတ်စုံဖြင့် ရိုက်ကူးထားသောဓာတ်ပုံကို Facebook တွင် တင်ခဲ့သူ ဖမ်းဆီးခံရ

Posted by drmyochit Wednesday, July 23, 2014, under | No comments


အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ်ပြည်နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးသည် ၎င်းခိုးယူထားသည့် ဝတ်စုံဖြင့် ဓာတ်ပုံရိုက်ကူးပြီး Facebook တွင် တင်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ် ဒန်နီရယ်လီ ဆက်ဇ်တန်ဆိုသည့် အမျိုးသမီးသည် အီလီနွိုက်စ်ပြည်နယ်၊ ဖရန့်ဖို့တ် အနောက်ပိုင်းရှိ Mortie's Boutique ဆိုင်မှ ပျောက်ဆုံးသွားခဲ့သော ဝတ်စုံကို ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကာ Facebook တွင် တင်ခဲ့ပြီး နာရီပိုင်းအကြာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Mortie's Boutique ၏ ဆိုင်ပိုင်ရှင်ဖြစ်သည့် ကာ့တ်ဝီလျံက Facebook အသုံးပြုသူ မိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် အဆိုပါ အမျိုးသမီး တင်ခဲ့သည့် post ကို တွေ့ရှိခဲ့ပြီး ယင်းဝတ်စုံသည် ဆိုင်မှ ပျောက်ဆုံးသွားခဲ့သော ဝတ်စုံနှင့် အလွန်တူညီသည်ကို တွေ့ရှိခဲ့သည့်အတွက် ရဲအဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့နောက် ဆက်ဇ်တန်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းကို ခိုးမှုဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ ၎င်းတွင် Mortie's Boutique မှ ခိုးယူထားသည့် ဝတ်စုံအပြင် အခြားအရာများကိုပါ ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲအဖွဲ့က ဆိုခဲ့သည်။

ခိုးယူခံရသည့် ပစ္စည်းများကို Facebook မှ ပြန်လည်ရယူခြင်းသည် ပထမဦးဆုံးအကြိမ် မဟုတ်ကြောင်း Mortie's Boutique မှ ဝီလျံက ပြောကြားခဲ့သည်။

Ref: CNET
Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်