Wednesday, July 23, 2014

သိမ်းဆည်းမည့် လယ်အတွက် ပေါက်ဈေးမလျော်က ဂျပန်နိုင်ငံအထိသွားကာ ကန့်ကွက်မည်ဟုဆို

Posted by drmyochit Wednesday, July 23, 2014, under | No comments

သီလဝါအထူးစီးပွားရေးဇုန်ရှိ သိမ်းဆည်းခံလယ်ယာမြေများကို လာရောက် ကြည့်ရှုနေကြသည့် လယ်ပိုင်ရှင်များအား  ဇူလိုင် ၁၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်

သီလ၀ါအထူးစီးပွားရေးဇုန်အတွက် သိမ်းဆည်းရန်ကျန်ရှိနေသေးသည့် လယ်မြေဟက်တာ၂,၀၀၀ အတွက် လယ်သမားများကို ကာလပေါက်ဈေးအတိုင်း ပေးလျော်ခြင်းမရှိဘဲ သိမ်းဆည်းပါက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှု မပြုရန် ဂျပန်နိုင်ငံအထိ သွားရောက်ကန့်ကွက်သွားမည်ဟု သီလ၀ါဒေသ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးအေးဌေးက ဇူလိုင်လ ၂၁ ရက်က ရန်ကုန်မြို့ မြန်မာမီဒီယာစာကြည့်တိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကျန်တဲ့ဟက်တာ ၂,၀၀၀ ကို ၂၀၁၅ ကျော်ရင်သိမ်းမယ်လို့ ဟက်တာ ၄၀၀ ဖွင့်ပွဲတုန်းက သီလ၀ါစက်မှု ဇုန်ဥက္ကဋ္ဌ ဦးသက်အောင်က ပြောတယ်”ဟု ဦးအေးဌေးက မဇ္ဈိမကို ပြောသည်။

၇န်ကုန်တိုင်းဝန်ကြီး ဦးစိုး မင်းကဇွန်လ ၃၀ ရက်က သန်လျင်အိုးအိမ်ရုံးတွင် လယ်သမားများအား “မြေယာလျော်ကြေးနဲ့ မပေးဘူး။ သီးနှံလျော်ကြေးပဲပေးမယ်။ကျွန်တော်တို့မြေက ၁၉၉၆ -၉၇ ကတည်းက သိမ်းထားတဲ့အတွက်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

ဟက်တာ ၂၀၀၀ တွင်နေထိုင်သော ဒေသခံများက မိမိတို့ပိုင်သောလယ်မြေများကို လယ်ယာမြေဥပဒေအပြင် ဂျပန်နိုင်ငံတကာ ကော်ပိုရေးရှင်းအေဂျင်စီ(JICA) က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် မညီပါက ဂျပန်ဝန်ကြီးချုပ်အထိ သွားရောက်ကန့်ကွက်သွားမည်ဟု ဆိုသည်။

ဟက်တာ ၂,၀၀၀ ထဲတွင် အလွမ်းဆွတ်ရွာ၊ မြိုင်သာယာရွာ၊ သီလ၀ါရွာ၊ သီတာမြိုင်ရွာ၊ ကရက်ရွာ၊ ဖလမ်းရွာ၊  ဘေးဘောက်ရွာတို့ ပါဝင်သည်။

ဇွန်လ ၂ ရက်ကလည်း ကိုယ်စားလှယ်သုံးဦးက စီမံကိန်းပထမပိုင်းအတွက် ဟက်တာ၄၀၀ ကို သိမ်းယူပြီးနောက် ထိခိုက်နစ်နာမှုများကို ဖော်ပြထားသည့် ကန့်ကွက်တိုင်ကြားမှုများကို တိုကျိုမြို့ရှိ(JICA) ရုံးထံ တိုင်ကြားခဲ့သေးသည်။

Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်