Wednesday, July 23, 2014

လေပြင်းတိုက်ခတ်၍ ကုလားတန်မြစ်အတွင်း စက်လှေတစ်စီးနစ်မြုပ်

Posted by drmyochit Wednesday, July 23, 2014, under | No comments

လေပြင်းတိုက်ခတ် မှုကြောင့် ပေါက်တောမြို့နယ်မှ စက်လှေတစ်စီး ကုလားတန်မြစ် အတွင်း နစ်မြုပ်ခဲ့ရာ စက်လှေ မောင်းသူတစ်ဦး သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၅ ရက်က င၀က်စွယ် ကျေးရွာအနီး ကုလားတန်မြစ် အတွင်း လေပြင်းတိုက်ခတ်သ ဖြင့် စက်လှေနစ်မြုပ်မှု ဖြစ်ပေါ် ခဲ့ရာ စက်လှေပေါ်ပါ အလုပ်သ မား  မောင်ဆန်းလှိုင်နှင့် မောင် ယိုင်လှတို့ကို မြစ်တစ်ဖက်ကမ်းရှိ နတ်ဆိတ်ကုန်ဘုတ်ကျေးရွာမှ စက်လှေတစ်စီး လာရောက်ကယ် ဆယ်ခဲ့ပြီး စက်လှေမောင်းသူမှာ မြစ်ထဲတွင် နစ်မြုပ်ပျောက်ဆုံးခဲ့ ကြောင်း သိရသည်။

စက်လှေမောင်းသူ၏ အ လောင်းကို ရေနစ်မြုပ်ပြီး ငါးရက် အကြာ ဇူလိုင် ၂၀ ရက်တွင် င၀က်ကြာကျေးရွာအနီး မြစ်ကမ်း စပ်တွင် ရှာဖွေတွေ့ခဲ့သည်။ အ လောင်းကို ပေါက်တောမြို့နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပေါက် တောမြို့မရဲစခန်းက အမှုဖွင့်စစ် ဆေးလျက်ရှိသည်။

7 Day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်