Wednesday, July 23, 2014

ဗီဒီယို အကြိုခံစားခြင်း

Posted by drmyochit Wednesday, July 23, 2014, under | No comments


အရုပ်လေးကို ကျွန်တော်ပြန်မပေးပါ

ဒီတစ်ခါသာမန်ချစ်ကြိုက်ကွဲညား ဇာတ်လမ်းမဟုတ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းလေး တစ်ခုအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့ နာမည်ကလည်း ဆန်းဆန်းလေးပါ။ ‘‘အရုပ်လေးကို ကျွန်တော်ပြန်မပေးပါ’’တဲ့။

ဒီဇာတ်ကားရဲ့ ပထမဆုံး ဇာတ်ဝင်ခန်းကို စာနယ်ဇင်းမိတ်ဆက်ပွဲတစ်ခု လုပ်နေတဲ့ အကြောင်းအရာနဲ့ စပြီးဖွင့်ထားပါတယ်။ စာနယ်ဇင်းပွဲမှာ ရှင်းလင်းနေတဲ့ အကြောင်းအရာကတော့ သိပံ္ပပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ ကောင်လေးတစ်ယောက် က သူရဲ့ စိတ်ကူးယဉ်အိပ်မက်အဖြစ် လူသားနဲ့ ခွဲမရအောင် တူတဲ့ အရုပ်လေး တစ်ရုပ်တီထွင် ဖန်တီးနိုင်တယ်ဆိုတာကို ပြောပြ နေတာပါ။ သူကတော့ လင်း အရုဏ်ပါ။ လင်းအရုဏ်က ငယ်ငယ်ကတည်းက စာအရမ်းကြိုးစားတဲ့ လူငယ်တစ်ယောက်ပါ။ နောက်ပြီး သူကကမ္ဘာကျော် သိပံ္ပပညာရှင်အိုင်းစတိုင်းနဲ့ မွေးနေ့တူတာကြောင့် အောင်မြင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ဖို့လည်း ရည်ရွယ်ချက်ရှိသူတစ်ဦးပါ။

သိပ္ပံပညာရှင် တစ်ယောက်အဖြစ် လူသားတွေနဲ့ ခွဲမရအောင်တူတဲ့ အရုပ်ကလေးတစ်ရုပ် တီထွင်ဖန်တီးနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်တစ်ခုလည်းရှိပါတယ်။ သူရဲ့ မိဘတွေကလည်း သူရဲ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ပံ့ပိုးမှုတွေ အပြည့်အ၀ပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ လင်းအရုဏ်က ယဉ်ယဉ်လေးရူးနေတဲ့ ရောဂါသည်တစ်ယောက် ဖြစ်နေလို့ပါ။

အခန်းတစ်ခန်းထဲမှာ တီထွင်မှုတွေကို စိတ်တိုင်းကျ ပြုလုပ်နေတတ်တဲ့ လင်းအရုဏ်ရဲ့ ရည်မှန်းချက်တွေပြည့်ခဲ့တဲ့ နေ့တစ်နေ့ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ လင်းအရုဏ်နဲ့ စမ်းသပ်မှုတွေကတစ်ဆင့် လူသားတွေနဲ့ ခွဲမရအောင်တူတဲ့ အရုပ်မလေးတစ်ရုပ်ကို တီထွင်နိုင်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး လင်းအရုဏ်က သူဖန်တီးထားတဲ့ အရုပ် ကလေးနဲ့သူ့ဘ၀ရဲ့ အချိန်တွေကို ကုန်ဆုံးခဲ့ပါတယ်။ အရုပ်မလေး ကိုလည်း နာမည်တစ်ခုပေးထား ပါတယ်။ Little ဘာဘီတဲ့။

လင်းအရုဏ်က သူ့ရဲ့ တီ ထွင်ဖန်တီးမှုကို ပြင်ပလောကက  လူတွေကိုလည်း အသိပေးချင်ခဲ့ ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အဖေက အကုန်လုံးကို ပြောနိုင်ဖို့ဆိုရင် ကိုယ့်ဘက်က အားလုံးပြည့်စုံဖို့ လိုအပ်တယ်လို့ပြောခဲ့တာကြောင့် အရုပ်ကလေးကို လူသားတစ်ယောက်နဲ့ခွဲလို့ မရအောင် လေ့ကျင့်ပေးခဲ့ပါတယ်။

လင်းအရုဏ် သူ့ရဲ့ရည်မှန်း ချက်အတိုင်း လူသားတွေနဲ့ ခွဲမရ အောင် တူတဲ့ အရုပ်တစ်ရုပ်ဖန် တီးနိုင်ခဲ့တာလား၊ အရုပ်ကလေး နဲ့ လင်းအရုဏ်ရှေ့ဆက်ဘာတွေ ဖြစ်ကြမလဲဆိုတာကိုတော့ ရွှေ စင်ဦး ဗီဒီယို ထုတ်လုပ်ရေးက မကြာခင် ဖြန့်ချိပေးတော့မယ် ‘‘အရုပ်လေးကို ကျွန်တော်ပြန် မပေးပါ’’ ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ခံစားပေးကြပါ။

7 Day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်