Wednesday, July 23, 2014

ဂျီအက်စ်အမ်ဖုန်းများ သုံးစွဲမှုတိမ်ကော လာမည်ဟုဆို

Posted by drmyochit Wednesday, July 23, 2014, under | No comments

မိုဘိုင်းဖုန်း သုံးစွဲမှုအနေဖြင့် နောက်ပိုင်းတွင် ဂျီအက်စ်အမ် (GSM) ဖုန်းများသုံးစွဲမှု တိမ်ကောလာကာ 3G ကွန်ရက်မိုဘိုင်းဖုန်း များသုံးစွဲမှု တွင်ကျယ်လာမည်ဟု မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့၏ Ericsson ဥက္ကဌ Mr.Jan Wassenius ကပြောကြားသည်။

CDMA , TD-SCDMA ဖုန်းများ သုံးစွဲမှုလည်း နည်းလာမည်ဖြစ်ကြောင်း၊ 3G ဖုန်းများ တွင်ကျယ်လာမည့် အပြင် 4G (LTE) သုံးစွဲမှုများလာမည့် အလားအလာရှိကြောင်း ယင်းကဆိုသည်။ “၂၀၁၉ ခုနှစ်အ တွက်ခန့်မှန်းချက်အရ မြောက်အမေရိကမှာ ၈၅ ရာခိုင်နှုန်း၊ ဥရောပမှာ ၃၀ ရာခိုင်နှုန်းအထိ 4G (LTE) လိုင်းတွေကို သုံးစွဲလာကြမှာပါ” ဟု Ericsson မှ ကောက်ယူထားသော စစ်တမ်းအရသုံးသပ် ပြောကြားသည်။ 3G ဖုန်းသုံးစွဲမှုအနေဖြင့် ၉၀ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း ဆိုသည်။

လက်ရှိအသုံး ပြုလျက်ရှိသော မိုဘိုင်းဖုန်းအများစုမှာ ဆဲလ်ဖုန်း (M2M Devices) များဖြစ်ပြီး ယနေ့တိုင်အထိ GSM တစ်မျိုးတည်းသာ သုံးစွဲသေးသော်လည်း ၂၀၁၆ ခုနှစ်နောက်ပိုင်းမှ စတင်ကာ သုံးစွဲမှုအများစုမှာ 3G, 4G စနစ်များကို အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်းလိုင်းသုံးစွဲမှု အဖြစ်သို့ပြောင်းလဲ လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်