မောင်တောမြို့အ မှတ် (၅) ရပ်ကွက်ရှိ တိုင်းရင်း သားပိုင်နေအိမ်တွင် ငှားရမ်းနေ ထိုင်သည့် ဘင်္ဂါလီမိသားစုကို မနေထိုင်ရန် လာရောက်ခြိမ်း ခြောက်ရန်ပြုမှုဖြင့် ကျေးရွာအုပ်စု တာဝန်ခံအား မောင်တောမြို့မရဲ စခန်းမှ အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။
အဆိုပါ ရပ်ကွက် ကျေးရွာ အုပ်စုတာဝန်ခံ ဘင်္ဂါလီလူမျိုး ဘာဆဲရ်နှင့် အပေါင်းအပါ သုံးဦး သည် ဇူလိုင် ၁၈ ရက်က တိုင်း ရင်းသားပိုင်နေအိမ်ကို ငှားရမ်းနေ ထိုင်သည့် ဘင်္ဂါလီလူမျိုး အဘူ ဘော်က္ကော်ရ်ဆီဒိတ်ထံသို့ ဓား တစ်ချောင်းကိုင်လျက် လာရောက် ကာ ‘‘မင်းရခိုင်သားအိမ်ကို ဘာ လို့ ငှားနေတာလဲ။ အခုထွက် သွား။ မင်းမသွားရင် အသေသတ် ပစ်မယ်။ မင်းကားနဲ့အတူ အိမ်ပါ မီးရှို့ပစ်မယ်’’ ဟု ခြိမ်းခြောက် ပြောဆိုသဖြင့် အဘူဘော် က္ကော်ရ် ဆီဒိတ်က အဆိုပါကျေးရွာအုပ်စု တာဝန်ခံနှင့် အပေါင်းအပါများ ကို အရေးယူပေးရန် မြို့နယ် အုပ် ချုပ်ရေးမှူးထံသို့ ဇူလိုင် ၁၈ ရက် က စာရေးသား တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
7 Day
Wednesday, July 23, 2014
အိမ်ငှားနေသော ဘင်္ဂါလီမိသားစုအား မနေထိုင်ရန် ခြိမ်းခြောက်ရန်ပြုသူ ကျေးရွာအုပ်စု တာဝန်ခံ အမှုဖွင့်ခံရ
Posted by drmyochit
Wednesday, July 23, 2014, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment