Wednesday, July 23, 2014

အခွန်ကြေညာလွှာ မပေးသွင်းသည့် စတိုးဆိုင်နှင့် စားသောက်ဆိုင်များအား ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူမည်ဟုဆို

Posted by drmyochit Wednesday, July 23, 2014, under | No comments

စားသုံးသူများထံမှ အ ခွန်ကောက်ယူသော်လည်း အခွန် ရုံးသို့ ကြေညာလွှာ မပေးသွင်း သော စတိုးဆိုင်များနှင့် စား သောက်ဆိုင်များကို သြဂုတ်လ အတွင်း စစ်ဆေး၍ ထောင်ဒဏ်ချ မှတ်သည်အထိ အရေးယူမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘စတိုးဆိုင်၊ စားသောက် ဆိုင်တွေကို တိတိကျကျ လိုက်နာ မှုရှိ၊ မရှိ စစ်ဆေးသွားမယ်။ မ လိုက်နာရင် အခွန်ပျက်ကွက်မှုနဲ့ ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ် လို့ရတယ်။ စားသုံးသူက ၀ယ်ရင် ပြေစာပေးကို ပေးရမယ်။ ပြေစာ မပေးရင် လိမ်တာပေါ့။ မပေးရင် ဒဏ်တပ်လို့ရတယ်’’ ဟု တိုင်းဒေ သကြီး အခွန်ဦးစီးဌာနမှ အကြီး တန်းအရာရှိတစ်ဦးက ပြော သည်။
ဆိုင်များအား သုံးလတစ် ကြိမ်ဖြစ်စေ၊ တစ်လတစ်ကြိမ်ဖြစ် စေ ကြေညာလွှာသွင်းခိုင်းထား သော်လည်း အဆိုပါ ကြေညာလွှာ ကို မမှန်မကန်သွင်းခြင်း၊ လျှော့ သွင်းခြင်းမျိုးရှိခြင်းကြောင့် ယခု ကဲ့သို့ အခွန်စည်းကြပ်ခြင်းဖြင့် အရေးယူမည်ဟု ဆိုသည်။

‘‘၁၉၇၄ ခုနှစ်လောက်က တည်းက စတာ။ ဒါကို လူတွေက မလိုက်နာကြတာပါ။ ပြီးတော့ အ ခွန်ဆိုတာကလည်း သူတို့ဆီက နေ ပေးရတာမဟုတ်ပါဘူး။ စား သုံးသူတွေဆီကနေ ၀န်ဆောင်မှု အဖြစ် ကောက်ခိုင်းထားတာပါ။  ဥပဒေထဲမှာလည်း ပါပြီးသား။ သူတို့ကိုယ်တိုင်က လာမသွင်းဘဲ ပျက်ကွက်နေတာပါ။ ထောင် သုံး နှစ်ကနေ ခုနစ်နှစ်အထိ ချလို့ရပါ တယ်’’ ဟု အဆိုပါ အရာရှိက ဆက်လက်ပြောသည်။

သုံးလတစ်ကြိမ် အရစ်ဖြင့်  ပေးသွင်းရမည့် အခွန်ကို မပေး သွင်းလျှင် (သို့) ပေးသွင်းသည့်အ ခွန်သည် သက်ဆိုင်ရာစည်းကြပ် မှုတွင် ကျသင့်သည့် အခွန်ထက် လျော့လျှင် ယင်းလျော့ငွေ၏ တစ် ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသော ငွေကို ဒဏ်ငွေအဖြစ် ပေးဆောင် ရမည်ဖြစ်ပြီး ပြေစာထားရှိသော် လည်း ထုတ်ပေးရန် ပျက်ကွက် ကြောင်း တွေ့ရှိလျှင် ပြေစာတန် ဖိုးအပေါ် ကျသင့်အခွန်၏ တစ် ရာရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်။

ထို့ပြင် လိမ်လည်လှည့်ဖြား လိုသော ရည်ရွယ်ချက်ဖြင့် ရောင်း ရငွေ (သို့မဟုတ်) ၀န်ဆောင်မှု ရငွေများနှင့် စပ်လျဉ်းသည့် မမှန် ကန်သော ကြေညာလွှာကို တမင် ပေးပို့ခြင်း၊ မမှန်ကန်သော စာ ရင်းစာအုပ်၊ စာအုပ်ရှင်းတမ်းများ အား တင်ပြခြင်းတို့ကို တွေ့ရှိ လျှင် ကျသင့်သည့်အခွန်၏ တစ် ဆနှင့် ညီမျှသော ဒဏ်ငွေကိုပါ ပေးဆောင်ရမည့်အပြင် တရားစွဲ ဆိုခြင်းလည်း ခံရမည်။ တရားစွဲ ဆို၍ ပြစ်မှုထင်ရှားပါက သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ် စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ဇူ လိုင် ၁၈ ရက်ထုတ် နိုင်ငံပိုင်သ တင်းစာများ၌ ပြည်တွင်းအခွန် များ ဦးစီးဌာနက ထုတ်ပြန်ထား သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အခွန်တိုးမြှင့်ကောက်ခံခြင်းကို ပြီးခဲ့သည့် ဧပြီ ၁ ရက်မှ စတင်ခဲ့ ပြီး လက်ရှိတွင် ကဏ္ဍအသီးသီး ၌ အခွန်ဆောင်သူဦးရေမှာ ၅၀ ရာခိုင်နှုန်းသာရှိကြောင်း သိရ သည်။

7 Day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်