မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် SMS (စာတိုပေးပို့သည့် စနစ်) ကို နိုင်ငံတကာပုံစံအတိုင်း +959 နှင့် အသုံးပြုနိုင်ရန် စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု အထက်ပါလုပ်ငန်းဌာနမှ အင်ဂျင်နီယာမှူး တစ်ဦးဖြစ်သူ ဦးအောင်ကျော်သက်က ပြောသည်။
လွန်ခဲ့သည့်အပတ်ကစတင်၍ လက်ရှိအသုံးပြုနေသည့် မိုဘိုင်း ဖုန်းများဆီသို့ +959XXXXXXXXX ပုံစံဖြင့် SMS များဝင်ရောက်လာခဲ့ကြောင်း ၊ အဆိုပါ SMS များ သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းနံပါတ်များ မဟုတ်ဘဲ Ooredoo နှင့် Telenor တို့မှစမ်းသပ်နေသည့် မိုဘိုင်းဖုန်း လိုင်းများသာဖြစ်ကြောင်း ဦးအောင် ကျော်သက်ကပြောသည်။
“မိုဘိုင်းဖုန်းတွေက အခုဆိုရင် နိုင်ငံခြားကိုလည်း ယူပြီးသွားနေကြတယ်။ အဲဒီဖုန်းလိုင်းတွေကနေ ပြီးတော့လည်း SMS ကို စမ်းနေကြတာရှိတယ်။ အခြားအော်ပရေ တာတွေကလည်း စမ်းနေကြတာပဲ။ ကိုယ်က SMS ပို့မယ်ဆိုရင်တော့ 09 မခံဘဲပို့လို့ရပေမယ့် သူများဆီဝင်လာရင်တော့ +959 ဆိုပြီးပေါ် အောင်လုပ်နေတယ်။ ဒါက နိုင်ငံတကာပုံစံအတိုင်းပါပဲ” ဟု ၎င်းကဆိုသည်။
လက်ရှိကာလ၌ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၎င်းတို့၏မိုဘိုင်းဖုန်းများကို နိုင်ငံတကာသို့ သယ်ဆောင် အသုံးပြုခွင့်ပေးအပ်ခဲ့ သော်လည်း နိုင်ငံတကာနှင့် SMS စနစ်ပေးပို့နိုင်သေးခြင်း မရှိကြောင်း၊ နိုင်ငံတကာနှင့် SMS အပြန်အလှန်ပေးပို့နိုင်ရန် လက်ရှိအချိန်၌ စမ်းသပ်နေဆဲဖြစ်ပြီး ပြည်ပနိုင်ငံများမှ မြန်မာ့ဆက်သွယ်ရေးနှင့် သဘောတူညီထားသည့် အော်ပရေတာများ နှင့် SMS ပေးပို့ခြင်းကို စမ်းသပ်မှု အောင်မြင်သည်ဟု ပြောဆိုနိုင်ကြောင်း သိရသည်။ “SMS ကနိုင်ငံတိုင်းကိုတော့ ပို့လို့မရသေးဘူး။ သဘောတူထားတဲ့ ကုမ္ပဏီကဖုန်းတွေကိုတော့ စမ်းသပ်ပြီးပေးပို့တာ အဆင်ပြေနေပြီ။
ဒါကိုတရားဝင်လည်း မကြေညာသေးပါဘူး။ ဈေးနှုန်းလည်း မသတ်မှတ်ရသေးပါဘူး။ နောက်တစ်ခုက +959 နဲ့ ဝင်လာတဲ့ SMS ကို ဂဏန်းပြင်မရိုက်ဘဲ ဒီအတိုင်း Reply လုပ်လို့ရအောင်လည်း စမ်းသပ်နေ တယ်” ဟု ဦးအောင်ကျော် သက်ကပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဇူလိုင်လ ၂ ရက်နေ့မှစတင်၍ နိုင်ငံပေါင်း ၃၁ နိုင်ငံ၌ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများ အသုံးပြုနိုင်ရန် Roaming ချိတ်ဆက်ပေးခဲ့သည်ဟု သိရသည်။
ထို့အပြင် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ အော်ပရေတာပေါင်း ၇၇ ခုတို့၏ မိုဘိုင်းဖုန်းများကို မြန်မာ့ ဆက်သွယ်ရေး ကွန်ရက်၌ လာရောက်အသုံးပြု ခွင့်ကိုလည်း ပေးအပ်ခဲ့သည်။
Internet Journal
Wednesday, July 23, 2014
SMS ကို နိုင်ငံတကာပုံစံ အတိုင်း + 959 နှင့် အသုံးပြုနိုင်ရန် စမ်းသပ်နေ
Posted by drmyochit
Wednesday, July 23, 2014, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment