ရန်ကုန်၊ ဇူလိုင် ၂၁-မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေးအနေအ ထားများအရ ဒုက္ခသည်များကို အစု လိုက် အပြုံလိုက် ပြန်ပို့ရန် မသင့်လျော် သေးဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်း ကြီးနှင့် အခြား နိုင်ငံတကာ အကူအညီပေးရေး အ ဖွဲ့များက အသိပေးပြောကြားလိုက် ကြောင်း သိရသည်။
ဒုက္ခသည်များကို လုံခြုံစိတ်ချ စွာနှင့် အောင်မြင်စွာပြန်ပို့နိုင်ရေး အတွက် မြန်မာစစ်တပ်နှင့် ကု လသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာ မင်းကြီးရုံးကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အနီး ကပ် ပူး ပေါင်းဆောင်ရွက်မည်ဟု ထိုင်းနိုင် ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်တွင် အတည်ပြုဖော် ပြထားကြောင်း သိရသည်။
မြန်မာဒုက္ခသည် တစ်သိန်းနှစ် သောင်းကျော် ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန်စီစဉ်ထားကြောင်း ထိုင်း စစ်တပ်အကြီးအကဲ ပရာယုချန် အိုချာက ကြေညာခဲ့ပြီးကတည်းက ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း အားလုံးတွင် လုံခြုံရေးတိုးမြှင့်ချထား ကြောင်း သိရသည်။
သို့ရာတွင် ဒုက္ခသည်စခန်းများ အတွင်းအခြေအနေ မှာ ပုံမှန်အ တိုင်းရှိသည်ဟု ထိုင်းစစ်ဖက်က ပြော ကြားထားကြောင်း သိရသည်။ ဒုက္ခ သည်စခန်းများတွင် ခိုလှုံနေထိုင်စ ရာ ပေး ရုံမျှ မက ထိုင်းအစိုးရနှင့် အကူအညီပေးရေး အေဂျင်စီများ က ဒုက္ခသည်များအား အစားအစာ နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရုံမျှမက ပညာပါသင်ပေးသည် ဟုဆို သည်။ ဒုက္ခသည် များကို အ များအပြားပြန်ပို့ခြင်းသည် အဆိုပါ ကူညီပံ့ပိုးပေးနေခြင်း ယန္တရားကို ရပ်ဆိုင်းပစ်လိုက်ခြင်းဖြစ်သည်ဟူ သော အဓိပ္ပါယ်ကိုဆောင်သည်။
''မြန်မာနိုင်ငံရဲ့ အခြေအနေ က ဒုက္ခသည်တွေကို အစုလိုက် အ ပြုံလိုက် ပြန်ပို့ဖို့ မသင့်လျော်သေး တဲ့အနေအထားမှာ ရှိပါတယ်''ဟု ဒေါက်တာစင်သီရာမောင်က ပြောသည်။
Democracytoday
Time in Rangoon


0 comments:
Post a Comment