Tuesday, July 22, 2014

လစ်ဗျားနိုင်ငံ ထရီပိုလီလေဆိပ်နားတွင် တိုက်ပွဲများ ဆက်ဖြစ်

Posted by drmyochit Tuesday, July 22, 2014, under | No comments


လစ်ဗျားနိုင်ငံ ထရီပိုလီနိုင်ငံတကာလေဆိပ်နားမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားနေပါတယ်။

လေဆိပ်ကို ထိန်းချုပ်ဖို့ ပြိုင်ဘက်ပြည်သူ့စစ်တွေ အပြိုင်အဆိုင် ကြိုးစားနေပြီး ၂၀၁၁ ခုနှစ်မှာ အာဏာရှင် မွမ်မာကဒါဖီ ပြုတ် ကျပြီးတတည်းက အားနည်းနေတဲ့ လစ်ဗျား အစိုးရလက်ထက်မှာ ထရီပိုလီလေဆိပ်ဟာ အပြင်းထန်ဆုံးအကြမ်းဖက်မှုတွေကြားမှာ သောင်တင်နေပါတယ်။

ပြည်သူ့စစ်တွေက လေဆိပ်နားရပ်ကွက်မှာ လေယာဉ်ပစ်အမြောက်တွေ ဂရဒ်ဒုံးကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ထောင်နဲ့ချီတဲ့ မိသားစုတွေက သူတို့အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရပြီး တချို့ မိသားစုတွကတော့ ပစ်ကွင်းထဲမှာ ညှပ်နေတယ်လို့ ရပ်ကွက်ခေါင်းဆောင်တချို့က ပြောပါတယ်။
သေနတ်သမားတွေက အိမ်ခေါင်မိုးတွေပေါ်မှာ တဘက်နဲ့ တဘက် ရင်ဆိုင် ပစ်ခတ်နေပြီး ဒေသခံတွေကတော့ ကြားထဲ ပိတ်မိနေတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုကြောင့် လူ ၄ ဦး သေတယ်လို့ ဒေသခံတွေက ပြောပြီး ဒေသဆေးရုံရဲ့ ဆရာဝန်တဦးက လူနာ ၉ ဦးကို လက်ခံထားရတယ်လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအရာရှိတဦးကတော့ လူသေဆုံးမှု အတည်ပြုချက်ကို မေးတဲ့ ဖုန်းကို လက်ခံ ဖြေဆိုမှု မလုပ်ပါဘူး။

ဒီပဋိပက္ခကြောင့် လစ်ဗျားကနေ နိုင်ငံတကာခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားရပြီး အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် လေဆိပ်မှာ ဆိုက်ကပ်ထားတဲ့ လေယာဉ် ၁၂ စင်းကျော်လောက် ပျက်စီးခဲ့ပါတယ်။
လုံခြုံရေးစိုးရိမ်မှုကြောင့် လစ်ဗျားနိုင်ငံထဲက ကုလသမဂ္ဂ ၀န်ထမ်းအားလုံးကို ခေါ်ထုတ်ထားပါတယ်။


DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်