Tuesday, July 22, 2014

လမ်းဖြတ်ကူးသည့် ကလေးငယ်တစ်ဦး ကားတိုက်၍ သေဆုံး

Posted by drmyochit Tuesday, July 22, 2014, under | No comments

လမ်းဖြတ်ကူးသည့် ဒုတိယတန်း ကျောင်းသားတစ်ဦး လင်ခရူဇာကားတိုက်ပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင် ၂၀ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က မှော်ဘီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမကြီးအတိုင်း တိုက်ကြီးမှ မှော်ဘီဘက်သို့ မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြန့်၊ မြောက်ပိုင်းတွင် နေထိုင်သည့်အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် လင်ခရူဇာ ပရာဒို ကားတစ်စီးသည် မိုင်တိုင်အမှတ် (၃၆/၆) အရောက်တွင် လမ်းဖြတ်ကူးသူကို ၀င်တိုက်မိ ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အတိုက်ခံရသည့် မှော်ဘီမြို့နယ်၊ ကုလားတန်းကျေးရွာတွင် နေထိုင်သည့် အသက် ၇ နှစ်အရွယ်၊ ဒုတိယတန်း ကျောင်းသားဖြစ်သူ မောင်မျိုးဇော်တွင် နှာခေါင်းရိုးကျိုး၊ ယာချိုစောင်းကွဲ၊ ၀ဲနားထင်ပွန်း၊ မေးစေ့ ပွန်းဒဏ်ရာများရရှိပြီး မှော်ဘီဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြ ထားသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကိုစိုးသီဟကို အရေးယူပေးပါရန် ရဲအုပ်ဝင်းဌေးက တရားလိုပြုတိုင်တန်းပြီး မှော်ဘီမြို့ မရဲစခန်းမှ ယာဉ်(ပ) ၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်