Tuesday, September 17, 2013

ဒလိုင်လားမား နဲ့ ဒေါ်စုတွေ့ဆုံမှု တရုတ်ဒေါ်သထွက်နိုင်

Posted by drmyochit Tuesday, September 17, 2013, under | No comments


အရှေ့ဥရောပ၊ ချက်နိုင်ငံ Prague မြို့ Forum 2000 မျက်နှာ စုံညီ နှီးနှော ဖလှယ်ပွဲ မှာ တက်ရောက် နေကြတဲ့ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်များ ဖြစ်ကြတဲ့ ဒေါ်အောင် ဆန်းစုကြည် နဲ့ တိဘက်ဘုန်းတော်ကြီး Dalai Lama တို့ ဟာ အစည်းအဝေး အပြင်ဘက်မှာ သီးသန့်တွေ့ဆုံ ခဲ့ကြတယ်လို့ သိ ရ ပါတယ်။

အခုလို Dalai Lama နဲ့တွေ့ ဆုံခဲ့တဲ့ အတွက်ကြောင့် အနောက်တိုင်း မီဒီယာ တွေက ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခုလို လုပ်ရပ်ကြောင့် တရုတ် နိုင်ငံအစိုးရ ကို အမျက် ဒေါသ ထွက်စေ နိုင်တယ်လို့ ပြောဆိုနေ ကြပါတယ်။

မြန်မာ နိုင်ငံ အဖို့ အရင်းနှီးဆုံး အိမ်နီးချင်း တရုတ် နိုင်ငံဟာ နိုင်ငံတကာ ခေါင်းဆောင်မှန်သမျှ ကို Dalai Lama နဲ့ တွေ့ဆုံ အသိ အမှတ်ပြုတာ ကို အစဉ် အဆက် ဆန့်ကျင် ခဲ့ပါတယ်။

တိဘက် ကိုယ်ပိုင် အုပ်ချုပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့သူ ဟာ ၁၉၅၉ခုနှစ်ကတည်းက တရုတ် နိုင်ငံကနေ အိန္ဒိယ နိုင်ငံကို တိမ်းရှောင် ထွက်ပြေး ခဲ့တာဖြစ်ပါတယ်။

Dalai Lama ကို တရုတ် အစိုးရ က တိဘက် ခွဲထွက်ရေး နဲ့ အကြမ်းဖက်မှုကို လှုံ့ဆော်သူလို့ စွပ်စွဲထားပြီး၊ Dalai Lama က တော့ တိဘက် အရေးနဲ့ ပတ်သက်ပြီး တရုတ် အစိုး ရ က အမြင်မှန်တွေ ရ လာ ပြီလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ က ညီလာ ခံမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ Dalai lama တို့ ၂ဦးလုံး မိန့်ခွန်းများ ပြောကြား ခဲ့ပါတယ်။

ဒေါ်အောင် ဆန်းစုကြည်က သူမ နိုဘယ် ငြိမ်းချမ်းရေးဆု ရ အောင် စတင်လမ်းစ ဖေါ်ခဲ့တဲ့ ချက် နိုင်ငံခေါင်းဆောင် ကွယ်လွန်သူ Vaclav Havel ကို တခါမှ တွေ့ဆုံခွင့် မရခဲ့ပေမယ့် နှစ်နဲ့ ချီပြီး နေအိမ် အကျယ်ချုပ် ချုပ် ခံနေရ ချိန်အတွင်း၊ ခန္ဒာ ကိုယ်ချုပ်နှောင်ခံ နေ ရ ပေမယ့် သူ့ ဘက်က နေ ပြောဆိုပေးသူ ရှိ ခဲ့တဲ့ အတွက် လွတ်လပ်မှု ကို ခံစားခဲ့ ရတယ်လို့ ဆိုပါတယ်။

ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်